DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်တွင် တောဆင်ရိုင်းတကောင် သတ်ဖြတ်ခံရ
DVB
·
July 16, 2016
ဂွမြို့နယ်တွင် တောဆင်ရိုင်းတကောင် သတ်ဖြတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ် ဂွမြို့နယ် ငသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် ၃၀/ ၀ (၁၁) လမ်းအတွင်းရှိ ငထွေးချောင်းအဖျားအနီးမှာ အဆိပ်လူးမြှားပစ်ခတ်ခံထားရပြီး သေဆုံးနေတဲ့ တောဆင်ရိုင်းတကောင်ကို တွေ့ရှိခဲ့ရပါတယ်။

ဂွမြို့နယ် ငထွေးချောင်းအဖျားအနီးမှာ အရေခွံခွာကာ အစွယ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ တောဆင်းတကောင်ကို ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။
အခု ကိစ္စဟာ ဆင်မုဆိုးလက်ချက်နဲ့ သတ်ဖြတ်ထားဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဂွသစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်းသန့်က ဒီဗွီဘီကိုပြောပါတယ်။

“မနေ့ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်က မုဆိုးလက်ချက်ပါပဲ၊ အဆိပ်လူးထားတဲ့မြှားနဲ့ ပစ်လိုက်တာပါ။ ပွင့်ပွင်လင်းလင်း ပြောရရင်တော့ သူတို့တွေမှာက ဓားလှံတွေအပြည့်အစုံနဲ့ပါလာပြီး အခုလို လုပ်တာဖြစ်နိုင်ပါတယ်။ တယောက်ချင်းလုပ်တာတော့ မဟုတ်ပါဘူး။ အဖွဲ့လိုက်ရယ်၊ ၃ ယောက် ကနေ ၅ ယောက်အထိ ရှိနိုင်ပါတယ်။ လူအရောက်ပေါက်နည်းတဲ့နေရာ ဖြစ်နေတာရယ်၊ နောက်တခုက ဂွနဲ့ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့တော အုပ်ကြီးမှာ အတွင်းမှာဖြစ်ခဲ့တာပါ။ တရားခံတွေ ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူပေါင်းပြီးလုပ်ဆောင်သွားမယ်။”

အခုလို တောဆင်ရိုင်းသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သစ်တောဦးစီးဌာက အဖွဲ့တွေ အုပ်ချုပ်ရေးဌာနတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ ဆင်မုဆိုးပပျောက်သွားအောင်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ နှစ် ဇွန်လ၊ ဇူလွန်လထဲမှာ အခုလိုဖြစ်စဉ်မျိုး နှစ်ကြိမ်ဖြစ်ဖူးခဲ့ဖြစ်ပြီး တောရိုင်းဆင်တွေသက်ဖြတ်မှု ဆင်အသားယူမှု၊ အရေပြားတွေခွာယူမှု၊ဆင်စွယ်တွေ ဖြတ်ယူမှု ဖြတ်ယူတာတွေဖြစ်ခဲ့တာဖြစ်ပြီး တရားခံမုဆိုးအဖွဲ့တွေကိုတွေ ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။

တောဆင်ရိုင်းသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဂွမြို့နယ် ရဲစခန်မှူးက “ကျနော်တို့အကြမ်းဖျဉ်း သိသလောက်တော့ တောအုပ်မှာ ဆင်တကောင်သေဆုံးနေတာတွေ့တယ် ဆိုပြီးတော့ တာဝန်သိ ပြည်သူတွေက သတင်းပေးလာပါတယ်။ အဲ့ဒါနဲ့ ကျနော် ဂွမြို့နယ် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝန်တွေနဲ့ သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေနဲ့သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဆင်က မြှားစူးထားတဲ့ဒဏ်ရာနဲ့ သေဆုံးနေပါတယ်။ ဒီဆင်ရိုင်းသတ်ဖြတ်တဲ့ အဖွဲ့တွေ ရှိနိုင်တယ် လို့ ခန့်မှန်းတာပေါ့လေ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေကတော့ စုံစမ်းစစ်ဆေးနေပါတယ်။ ကျနော်တို့ အမှုဖွင့်ထားပြီးပါပြီ။ လိုက်လံပြီးတော့ ဖမ်းဆီးမိအောင် ကြိုးစားပြီးတော့ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
သတ်ဖြတ်ခံထားရတဲ့ ဆင်ခန္ဓာကိုယ်အလျှား ၁၁ ပေ၊ အမြင့် ၈ ပေ ၈ လက်မ၊ ခန္ဓာလုံးပတ် ၁၃ ပေ၊ နှာမောင်းအရှည် ၆ ပေ ၆ လက်မ၊ နှာမောင်းလုံးပတ် ၂ ပေ ၅ လက်မ၊ ဆင်ရဲ့ ၀ဲဖက် အစွယ်အရှည်မှာ ၁၆ လက်မ၊ လုံးပတ် ၇ လက်မ၊ အလေးချိန်မှာ ၁.၅၈ ကီလိုဂရမ်၊ ယာဖက်အစွယ်အရှည်မှာ ၁၅ လက်မ၊ လုံးပတ် ၇ လက်မ၊ အလေးချိန် ၁. ၂၀ ကီလိုဂရမ်ရှိ ကြောင်း သိရပါတယ်။
တောဆင်ရိုင်းကို သတ်ဖြတ်ခဲ့တယ်လို့ယူဆရတဲ့ လက်နက်ပစ္စည်းတွေကတော့ အရိုးအသွား၁၅ လက်မ၊ အရှည်ရှိတဲ့ ဓားဦးချွန် ၂ လက်၊ တူမီးသေနတ်ပြောင်းအရှည် ၂ လက်ကို အဲဒီနေရာမှာ သိမ်းဆည်းရရှိခဲ့ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013