DVB Logo
Home
မြန်မာသတင်း
မဲဆောက်- မြ၀တီတံတားကို ထိုင်းစစ်တပ် သံဆူးကြိုးဖြင့် ပိတ်ဆို့
DVB
·
September 26, 2011
မဲဆောက်- မြ၀တီတံတားကို ထိုင်းစစ်တပ် သံဆူးကြိုးဖြင့် ပိတ်ဆို့
Donate to DVB

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် မြ၀တီ - မဲဆောက်တံတား အနားတ၀ိုက်ကို ထိုင်းစစ်တပ်က ဒီနေ့ သံဆူးကြိုးတွေချပြီး ပိတ်ဆို့ ထားလိုက်ပါတယ်။

[caption id="attachment_15943" align="alignleft" width="310" caption="ထိုင်းစစ်တပ်က သံဆူးကြိုးဖြင့် ပိတ်ဆို့​နေ​စဉ်"][/caption]

ထိုင်းနယ်စပ်ကော်မတီက မြန်မာနယ်စပ်ကော်မတီ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိတ်ဆို့တာလို့ သိရကြောင်း ကွင်းဆင်းလုပ်ဆောင်ရေး တာဝန်ကျ ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။

ဒီကိစ္စမှာ သူဟာ အမြင့်ဆုံး​ တာဝန်ခံ​ မဟုတ်တဲ့​ အတွက် အသေးစိတ် ပြောပိုင်ခွင့်​ မရှိဘူးလို့ ဆိုပါတယ်။

တံတားအထက်ပိုင်းကနေ တံတားမြောက်ပိုင်း ပြည်သူပိုင်ကျွန်းအထိ ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

ခုလိုပိတ်ဆို့ ရတာဟာ လူကူးလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေ မ၀င်လာနိုင်ဖို့​ ဖြစ်တယ်လို့  ဗိုလ်မှူးကြီး ပစံ စန်းစီရီလတ်က ဆိုပါတယ်။

တံတားတ၀ိုက်ကို ခုလို ပိတ်ဆို့ လိုက်ပေမယ့် သာမန် ကူးလူး သွားလာမှုတွေအတွက် တံခါးတခုကို လုံခြုံရေးအစောင့်ချပြီး ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ က ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့ နယ်ဘက်က သယ်ဆောင်လာတဲ့ ရာဘ ခေါ် မြင်းဆေးပြား ၈ သောင်းကျော်ကို မယ်ဆိုင်မြို့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ်ကလည်း မြင်းဆေးပြား ၁ သိန်းခွဲကို ဆေးပြားထုတ်လုပ်ရေး ကိရိယာတွေနဲ့အတူ အိုက်စ်မူးယစ်ဆေး ဂရမ် ၈၅၀၀ ကျော်အပြင် အခြားမူးယစ်ဆေးဝါးမျိုးစုံ ကီလိုဂရမ် ၇၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာ ၄ ဦး ထိုင်းနိုင်ငံဘက်ကမ်း မယ်ဆိုင်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် ယင်လတ်ဦးဆောင်တဲ့ ထိုင်းအစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၆ လအတွင်းအပြီး လုပ်ဆောင်မယ်လို့ ကြေညာထားပြီးနောက်မှာ ဖမ်းဆီးမှုတွေတိုးလာတဲ့အပြင် ခုလို သံဆူးကြိုးချကာ ကာကွယ်တာတွေကို လုပ်ဆောင်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013