Home
မြန်မာသတင်း
ဗညားဒလလမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေခုံးကျော် တံတားကို စတင်ဖွင့်လှစ်
DVB
·
July 16, 2016
13737643_264832973893665_5420853394456231995_o
13735093_264832993893663_1866683883626631685_o
13731873_264832940560335_7227490130997890984_o
13710586_264833017226994_5708219223754991722_o
13681032_264832973893665_5420853394456231995_n
ရန်ကုန်မြို့ရှိ ဗညားဒလလမ်းနဲ့ အရှေ့မြင်းပြိုင်ကွင်းလမ်းကို ဆက်သွယ်ထားတဲ့ တာမွေခုံးကျော် တံတားကို ဇူလိုင်လ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီက တင်ဒါရရှိ ခဲ့တာ ဖြစ်ပြီး ကျပ်ငွေ ၂၂.၅ ဘီလျံ ကုန်ကျခံဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗညားဒလလမ်းနဲ့ ဦးချစ်မောင်လမ်းဆက်သွယ်ထားတဲ့ တာမွေခုံးကျော်တံတားကို ဖွင့်လှစ်ပြီး နောက် အခုခုံးကျော်တံတားကို ထပ်မံဖွင့်လှစ်ခဲ့ကာ Y ပုံစံခုံးကျော်တံတားပုံစံ ဆောက်လုပ်ထား တာ ဖြစ်ပါတယ်။ ခုံးကျော်တံတားစီမံကိန်းတွေကြောင့် ယာဉ်ကြောကြပ်တည်းတာတွေကို ဖြေလျော့နိုင်မယ်လို့ ထင်ထားပေမယ့် ခုံးကျော်တံတားအဆင်းမှတ်တိုင်တွေ မီးပွိုင့်တွေကြောင့် ခုံးကျော်တံတား အဆင်းတွေမှာ ယာဉ်ကြောပြန်ကြပ်တည်းနေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဦးသိန်းစိန်းအစိုးရသက်တမ်းငါးနှစ်အတွင်းမှာတော့ ရန်ကုန်မြို့မှာ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်းခုံးကျော်တံတား၊ တာမွေအဝိုင်းခုံးကျော်တံတား၊ ကုက္ကိုင်း၊ ရှစ်မိုင်ခုံးကျော် တံတား အပါအ၀င် စုစုပေါင်းခုံးကျော်တံတား ၇ စင်းကို ငွေကျပ် ၁၃၆ ဘီလျံကျော် (ကျပ်သန်း ၁၃၆၀၀၀ ကျော်) သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024