Home
မြန်မာသတင်း
အမြန်လမ်းတွင် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
July 16, 2016
13731503_936023836520684_7615944503677774568_n
13726774_936023939854007_1541454395780248752_n
13716092_936024053187329_9104613348623877388_n
13716010_936023903187344_384879887615776561_n
13686670_936023536520714_8394474174586312265_n
13680808_936023729854028_1818738569604924862_n
13680786_936023866520681_321596561245150015_n
13680678_936023973187337_7567804058151545842_n
ပဲခူးတိုင်းဒေသကြီး မြို့ ချောင်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၉၇/၆ နဲ့ ၇ အကြားမှာ ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်လောက်က စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ရန်ကုန်မြို့ကနေ တောင်ငူမြို့ကို ည ၇ နာရီအချိန် ထွက်ခွာလာတဲ့ ခရီးသည် ၃၁ ဦးလိုက်ပါလာတဲ့ စေတမန်ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်း မိုင်တိုင် ၉၇/၆ နဲ့ ၇ အကြားအရောက်မှာ လမ်းရဲညာဘက်အခြမ်းသို့ စလစ်ဖြစ်ပြီး ထိုးကြတိမ်းမှောက်ခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး နေရာမှာပင် သေဆုံးခဲ့ပြီး နောက်အမျိုးသမီး တဦးတော့ ဆေးရုံရောက်ရှိချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စေတန်မန်ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတာတဲ့ ခရီးသည် ၃၁ ဦးထဲက အမျိုးသမီး ၂ ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ "လက်ရှိတော့ ယာဉ်အောက်မှာပိပြီး သေသူရယ်၊ ဆေးရုံရောက်မှ နောက်တယောက် ထပ်ဆုံးတယ် စုစုပေါင်း မနှစ်ဦးပေါ့။ လူနာကတော့ အခု ၁၂ ယောက်လောက် ရောက်လာပြီ။ မြို့ချောင်းဆေးရုံကမှတဆင့် ရန်ကုန် တောင်ငူဆက်ပို့မယ်" လို့ မြို့ချောင်းဆေးရုံက ဆရာဝန်တဦးက ပြောပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024