DVB Logo
Home
မြန်မာသတင်း
စိတ်မနှံ့သူအမျိုးသမီးကို သတ်ပြီးထွက်ပြေးနေသူများအား ရဲတပ်ဖွဲ့ ရက်ပိုင်းအတွင်း ဖမ်းဆီးမိ
DVB
·
July 15, 2016
စိတ်မနှံ့သူအမျိုးသမီးကို သတ်ပြီးထွက်ပြေးနေသူများအား ရဲတပ်ဖွဲ့ ရက်ပိုင်းအတွင်း ဖမ်းဆီးမိ
Donate to DVB

ပဲခူးတက္ကသိုလ်ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းအနောက်ဘက် တည်ပင်အောက်မှာ စိတ်မနှံ့သူ အမျိုးသမီးကို သတ်ပြီးထွက်ပြေးတိမ်းရှောင်နေသူ ၃ ဦးကို ရက်ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ပဲခူးတက္ကသိုလ်ရှေ့မှာ အမျိုးသမီးတဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်ဆိုတဲ့သတင်းအရ ပဲခူးမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းက ခေတ္တစခန်းမှူး ရဲအုပ် ဦးဆောင်တဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ ကျောကုန်းနဲ့ ၀မ်းဗိုက်တွေမှာ ဒဏ်ရာတွေရရှိပြီး သေဆုံးနေတာတွေ့ရပြီး သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် စိတ်မနှံ့သူ ဒေါ်ဝင်းမာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးစုံစမ်းရာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က စိတ်မနှံ့သူ ဒေါ်ဝင်းမာကို သတ်သွားတဲ့ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို ဖန်းခါးပင်ကုန်း တောစုကျေးရွာမှာနေ ကျော်ထွန်းနိုင်၊ ပဲခူးမြို့ ပုဏ္ဏစုရပ်ကွက်နေ
ကျော်မင်းနိုင် နဲ့ ပဲခူးမြို့ ရပ်ကွက်ကြီး (၈) သီးသန့် (၂၄)မှာနေတဲ့ ဇော်ထူး(ခ)ပုံဆိုး(ခ)စိုင်းသီဟ တို့ ၃ ဦးကို သက်သေခံ ဓားမြှောင်နဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013