DVB Logo
Home
မြန်မာသတင်း
၉ တန်းကျောင်းသူတဦး ဓားဖြင့် အခုတ်ခံရပြီး သေဆုံး
DVB
·
July 15, 2016
၉ တန်းကျောင်းသူတဦး ဓားဖြင့် အခုတ်ခံရပြီး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း လင်ခေးခရိုင် မိုးနဲမြို့မှာ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူတဦး ဇူလိုင် ၁၄ ရက်နေ့က ဓားရှည်နဲ့ အခုတ်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ နေ့လယ် ၁၂ ခွဲအချိန်မှာ ၉ တန်း ကျောင်းသူ နန်းဖွေးလောဝ်ဟာ ထမင်းစားပြီး ကျောင်းပြန်ချိန် မိုးနဲမြို့ ဥယျဉ်ရပ်ကွက် သစ်တောရုံးအရှေ့ အ.ထ.က ကျောင်းအနီး အရောက်မှာ အသက် ၁၆ နှစ်အရွယ် စိုင်းခေးဆိုင်ကို က ဆိုင်ကယ်စီးလာပြီးပါလာတဲ့ ဓားရှည်နဲ့ ၀င်ရောက်ခုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ဓားနဲ့ အခုတ်ခံရတဲ့ ကျောင်းသူကို မိုးနဲမြို့ပြည်သူဆေးရုံသို့ အရေးပေါ်လူနာအနေနဲ့ ပို့ဆောင်တင်ထားပြီး အသက် ၁၄ နှစ်အရွယ် ၉ တန်း ကျောင်းသူ နန်းဖွေးလောဝ်မှာ ယာဘက်ဂျို ဆောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနဖူးစပ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိသောဒဏ်ရာတွေနဲ့ မိုးနဲမြို့ ပြည်သူ့ဆေးရုံ နေလယ် ၂ နာရီ ၂၀ မိနစ်အချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့ ခုတ်ပြီး ထွက်ပြေးသွားတဲ့ မိုးနဲမြို့ လွိုင်မြေရပ်နေ အသက် ၁၆ နှစ်အရွယ် စိုင်းခေးဆိုင်ကို မိုးနဲမြို့ရဲစခန်းမှ (ပ) ၁၀/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပြီး တရားခံမောင်စိုင်းခေးဆိုင်ကို မိုးနဲမြို့ ပြည်သူရဲတပ်ဖွဲ့က အမြန်ပြန်လည်ဖမ်းဆီးနိုင်ရေး ကိုပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း - သန်းစိုးအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013