DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးဖမ်းဆီးရာ ဓားဖြင့် ပြန်လည်ခုခံသူကို သေနတ်ပစ်ခတ် ဖမ်းဆီး
DVB
·
July 15, 2016
မူးယစ်ဆေးဝါးဖမ်းဆီးရာ ဓားဖြင့် ပြန်လည်ခုခံသူကို သေနတ်ပစ်ခတ် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်လယ်ရင်းတဲကျေးရွာမှာ ဇူလိုင် ၁၄ ရက် မနက် ၅ နာရီအချိန် မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ဓားနဲ့ ပြန်လည်ခုခံတဲ့အတွက် သေနတ် ၃ ချက်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရတယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက  သိရှိရပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၅ နာရီအချိန် ကောလင်းမြို့မရဲစခန်းမှ မူးယစ်မှုနဲ့ တရားခံပြေး နိုင်ဦး ဟာ လယ်ရင်းတဲရွာရှိ ဇနီးဖြစ်သူ မခိုင်ထံပြန်လာလေ့ရှိပြီး မူးယစ်ဆေးဝါးတွေ ရောင်းချနေကြောင်း သတင်းအရ ကောလင်းမြို့မရဲစခန်းမှူးနဲ့အဖွဲ့၊ ချောင်းနားရဲကင်းစခန်းမှူးနဲ့ အဖွဲ့၊ ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းနဲ့ ၀င်ရောက်ရှာဖွေခဲ့ပါတယ်။

လယ်ရင်းတဲရွာနေ နိုင်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာ နိုင်ဦးက အဖမ်းမခံဘဲ နေအိမ်အတွင်းမှ ဓားနှင့်လေးဂွ ကိုင်ဆောင်ပြီး ပြန်လည်ပစ်ခတ်ခုခံတဲ့အတွက် ဓားကိုင်တဲ့ ယာဘက်လက်ကို ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာလက်ကောက်ဝတ်စုတ်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ)ရရှိကာ ဖမ်းဆီးရမိခဲ့ပါတယ်။ နိုင်ဦးရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ သစ်သားစင်ပေါ်မှာ ဘိန်းမဲ ၁၀၅ ဂရမ်ပါ အထုပ်(၁)ထုပ်၊ နေအိမ်ဧည့်ခန်း အတွင်းမှ  မီးရှို့ဖျက်ဆီးရာမှကျန်ရှိတဲ့ ဘိန်းဖြူ(၀ ဒသမ ၀၀၁)ဂရမ်ခန့်ပါ ပင်နယ်ဆလင်ပုလင်း (၁)လုံးနဲ့ ဘိန်းဖြူမှုန့်တွေ ထည့်ထားတဲ့ ပုလင်းခွံ ၃ လုံး၊ ပလပ်စတစ်ပိုက် ၄ ချောင်း၊ အရိုးအသွား အတို/အရှည်ဆိုဒ်စုံ ဓားဦးချွန် ၇ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိတဲ့ အသက် ၃၃ နှစ်အရွယ် ကောလင်းမြို့နယ် လယ်ရင်းတဲရွာနေ နိုင်ဦး ကို ကောလင်းမြို့မရဲစခန်းက မယ(ပ)၄၀/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ) အရ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013