DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
မတရားငွေကောက်ခံမှုဟာ ဓလေ့တခုလိုဖြစ်နေ
DVB
·
September 26, 2011
မတရားငွေကောက်ခံမှုဟာ ဓလေ့တခုလိုဖြစ်နေ
Donate to DVB

ကျနော်တို့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တမာတကေကျေးရွာမှာ လယ်သမားတွေဆီက အုပ်ချုပ်ရေးမှူးက ငွေကို အဆမတန်ကောက်ယူနေလို့ သက်ဆိုင်ရာအစိုးရ အဖွဲ့တွေကို တိုင်ကြားခဲ့ပေမယ့် ဘာမှ အကြောင်းမထူးတဲ့ အတွက် ဒီဗွီဘီကတဆင့် ထပ်မံတင်ပြလိုက်တာပါ။

ကျနော်တို့ဆီမှာ မတရားငွေကောက်ခံမှုတွေဟာ ဓလေ့တခုလိုတောင် ဖြစ်နေပါပြီ။ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ အကျင့်ပျက် လာဘ်စားမှုနဲ့ လောင်းကစားပပျောက်ရေး စီမံချက်တွေ လုပ်နေပေမယ့်လည်း အခုလို အကျင့်ပျက်ခြစားတာတွေ နေရာတိုင်းလိုလိုမှာ ရှိနေပါသေးတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အဆင်ပြေနေရင် ပြည်သူတွေ တိုင်ကြားစာတွေကို လျစ်လျူရှူထားပြီးတော့ ပြည်သူတွေက မဟုတ်မမှန် တိုင်ကြားသယောင် လုပ်နေကြပါတယ်။ ငွေကုန်အလုပ်ရှူပ်ခံပြီး ပြည်သူတွေက မတိုင်ကြားချင်ပါဘူး။ တကယ်ကို ခံစားနေရလို့ တိုင်တန်းကြတာပါ။ အစိုးရသစ် ဖြစ်နေပေမယ့် အောက်ခြေမှာ အခုလို အကျင့်ပျက်ခြစားနေတဲ့ လူတွေရှိနေတော့ အစိုးရသစ်ရဲ့ စီမံကိန်းတွေ အကောင်အထည်ပေါ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့တွေကို လူလဲဖို့လိုအပ်ပါတယ်။ ပြည်သူတွေရဲ့အသံကို သမ္မတကသိရှိပြီး ဖြေရှင်းပေးနိုင်အောင်လို့ ဒီဗီဘီကနေ သမ္မတကြီး သိအောင် ပြောကြားလိုက်ရပါတယ်။

ရွာသားတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013