DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှု သတင်းအချက်အလက် ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲ ပြုလုပ်
DVB
·
July 14, 2016
ကုန်သွယ်မှု သတင်းအချက်အလက် ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲ ပြုလုပ်
Donate to DVB

ကုန်သွယ်မှု သတင်းအချက်အလက်တွေ စုစည်းထားတဲ့ wesite မိတ်ဆက်ပွဲအခမ်းအနားကို ဒီနေ့ မနက်ပိုင်းက အင်းယားလိပ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ USAID တို့က ကုန်သွယ်မှု သတင်း အချက်အလက်တွေ စုစည်းထားတဲ့ webstie ကို ပူးဆောင်ရွက်ခဲ့ကြတာပါ။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက “ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သွယ်မှုပြုလုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကုန်သွယ်မှုနဲ့ဆက်စပ်တဲ့ ပြည်တွင်း၊ ပြည်ပမှစည်းမျဉ်းစည်းကမ်းတွေကို အလွယ်တကူ သိရှိနိုင်ခြင်း၊ နိုင်ငံတကာဈေးကွက် လိုလားချက်ကို ပိုမိုသိရှိနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေဖို့နဲ့ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေဖို့ရည်ရွယ်ကာ ပြုလုပ်တာ ဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ wesite ထဲမှာ ကုန်စည်တင်သွင်းတာတွေ တင်ပို့တာတွေနဲ့စပ်လျဉ်းပြီး လိုက်နာရမယ့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို စုစည်းတင်ပြထားတဲ့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေမှ ကုန်သွယ်မှုသတင်းအချက်တွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။

ဝက်ဘ်ဆိုဒ် လိပ်စာ www.myanmartradeportal.gov.mm ကို ၀င်ရောက်ပြီး Commodity Search မှာမိမိသိလိုတဲ့ ကုန်စည်ကို ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013