DVB Logo
Home
မြန်မာသတင်း
မှုခင်းကျဆင်းရေး ပိတ်ဆို့စစ်ဆေးရာ မူးယစ်ဆေးသယ်ဆောင်သူနှင့် ရောင်းချသူကွင်းဆက် ဖမ်းမိ
DVB
·
July 14, 2016
မှုခင်းကျဆင်းရေး ပိတ်ဆို့စစ်ဆေးရာ မူးယစ်ဆေးသယ်ဆောင်သူနှင့် ရောင်းချသူကွင်းဆက် ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဖောင်ကူးတံတားမှာ ဇူလိုင်လ ၁၃ ရက်နေ့ညက ကလေးခရိုင် မြို့နယ်မူးယစ်မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပိတ်ဆို့ ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါး သယ်ဆောင်သူတဦးကို မူးယစ်ဆေးနဲ့အတူ တွေ့ရှိခဲ့ကာ ရောင်းချသူ ကွင်းဆက် တရားခံဖြစ်သူကိုပါ ဖမ်းဆီးမိခဲ့ပါတယ်။

ခရိုင်လမ်းညွှန်မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ဖောင်ကူးမှာ ရှာဖွေစစ်ဆေးမှုတွေလုပ်နေတုန်း ည ၁၀ နာရီမှာ ဆိုင်ကယ်နဲ့ မူးယစ်ဆေးသယ်လာတဲ့ အမျိုးသားတယောက်ကို ဖမ်းမိခဲ့တာဖြစ်ပြီး အဲ့ဒီကနေ စစ်ဆေးရာ  ဝယ်တာတဲ့နေရာကိုမေးပြီး ရောင်းချခဲ့တဲ့ သူကိုပါ ညတွင်းချင်း နေအိမ်ထိ သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖောင်ကူးတံတားမှာ မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးမိခဲ့သူဟာ ကလေးမြို့ တာဟန်းရပ်ကွက်က အသက် ၂၈ နှစ်အရွယ် သန့်ဇင်ထွန်း ဆိုသူဖြစ်ပြီး ရောင်းချသူကတော့ ကလေးမြို့နယ် စော်ဘွားရေရှင် ကျေးရွာနေ လားရင့်နုန်းငါ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးကို ကလေးခရိုင် မှုခင်းနှိမ်နှင်းရေးခေါင်ဆောင် ရဲအုပ် သီဟနဲ့ မြို့နယ် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်တို့က မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားလိုပြု တရားစွဲဆိုထား ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ သက်သေခံပစ္စည်းတွေမှာ MINI CHOCO တံဆိပ်ပါ ကော်ဘူးနဲ့ထည့်ထားတဲ့ မူးယစ်ဆေးအမှုန့်တွေအပြင် တစ်ဘက်တွင် 88 စာတမ်း တစ်ဘက်တွင် အင်္ဂလိပ် ဂဏန်း 1 တံဆိပ်ပါ ပန်းရောင် စိတ်ကြွဆေးတွေပါ ပါဝင်ခဲ့တယ်လို့ သိရပြီး နေအိမ်ကို သွားရောက် ဖမ်းဆီးခြင်း ပြုလုပ်ရာမှာတော့ စော်ဘွားရေရှင်ရွာနေ လားရင့်နုန်းငါ မှာ ဓားကိုင် ခုခံခဲ့ကြောင်းပါ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013