ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်း

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကို ယာယီ ၁၁ ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီလို့ ဂေါပကအဖွဲ့ဝင်(စီမံ)က ဦးစိန်ဝင်းအောင်က ပြောပါတယ်။ အရင် အဖွဲ့ဝင်ဟောင်း ၉ ဦးရှိပြီး  ၉ ဦးထဲက ၃ ဦးက ကျန်းမားရေးနဲ့ အသက်အရွယ်ကြောင့် ထွက်သွားပြီး အသစ် ၅ ဦး အစားဝင်ပြီး စုစုပေါင်း ၁၁ ဦးနဲ့ အသစ်ပြန်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဂေါပကအဖွဲ့ဝင်သစ်တွေနဲ့အတူ ဂေါပကစည်းမျဉ်းစည်းကမ်းတွေကိုလည်း အသစ်ပြန် ပြင်ဆင် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up