DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် ASEM အစည်းအဝေးတက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာ (ဓာတ်ပုံ)
DVB
·
July 14, 2016
သမ္မတ ဦးထင်ကျော် ASEM အစည်းအဝေးတက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာ (ဓာတ်ပုံ)
1 / 5
Donate to DVB

မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) ကို တက်ရောက်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဇူလိုင် ၁၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်က ရန်ကုန်မြို့မှ လေကြောင်းခရီးနဲ့ ထွက်ခွာသွားပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။

အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) ကို ၁၉၉၆ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။

အခုနှစ် မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးဟာ ၁၁ ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ASEM ရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ရက်နဲ့လည်း တိုက်ဆိုင်လျက်ရှိပါတယ်။

၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) မှာ မြန်မာနိုင်ငံဟာ အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် နယူးဇီလန်နိုင်ငံနဲ့ တွဲဖက်တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခုနှစ်မှာ ASEM ဟာ နှစ် ၂၀ ပြည့်တဲ့အတွက် အာရှ-ဥရောပဒေသအကြား အပြန်အလှန် ရောင်ပြန်ဟပ်စေမယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးအပ်သွားမယ့်အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကိုလည်း ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - သမ္မတရုံးဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013