DVB Logo
Home
မြန်မာသတင်း
ပြည်ပထုတ် စီးကရက်၊ အရက်၊ ဘီယာများ ရောင်းဝယ်သိုလှောင်ပါက အရေးယူရန် ဆွေးနွေး
DVB
·
July 13, 2016
ပြည်ပထုတ် စီးကရက်၊ အရက်၊ ဘီယာများ ရောင်းဝယ်သိုလှောင်ပါက အရေးယူရန် ဆွေးနွေး
Donate to DVB

ပြည်ပထုတ် အထူးကုန်စည်တွေဖြစ်တဲ့ စီးကရက်၊ အရက်၊ ဘီယာတွေကို ပြည်တွင်းမှာ သယ်ဆောင်၊ ရောင်းဝယ်၊ သိုလှောင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိရင် တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာဘဲ ပြည်တွင်းအခွန်၊ ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးနေပါတယ်။

ပြည်ပထုတ် အရက်၊ ဘီယာ၊ စီးကရက်တွေဟာ အခွန်လွတ် အရောင်းဆိုင် (Duty Free) ဆိုင်တွေမှာဘဲ Duty Free ဖြစ်ကြောင်း အခွန်တံဆိပ်ကပ် ရောင်းချဖို့ခွင့်ပြုထားတာဖြစ်ပြီး၊ ပြန်လည်ရောင်းချခွင့် မရှိကြောင်းနဲ့ စစ်ဆေးတွေ့ရှိရင် ဥပဒေအရအရေးယူနိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဒီဗွီဘီကိုပြောပါတယ်။

ဒါပေမယ့် ပြည်တွင်းထုတ် အရက်၊ ၀ိုင်၊ စီးကရက်အမျိုးမျိုး၊ (ဘီယာမပါ) စတဲ့ အထူးကုန်စည် တွေကိုတော့ အခွန်ထမ်းဆောင်ပြီးတဲ့ ကုန်စည်ဖြစ်ကြောင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချခွင့် ပြုထားပါတယ်။

ဒါ့အပြင် ကျသင့်အခွန် ထမ်းဆောင်ထားခြင်း မရှိတဲ့အထူးကုန်စည်တွေဖြစ်တဲ့ အရက်၊ ဘီယာ၊ စီးကရက်တွေကို လက်ဝယ်တွေ့ရင် အဲဒီကုန်စည်တွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူပြီး အထူးကုန်စည်တန်ဖိုးကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013