DVB Logo
Home
မြန်မာသတင်း
ဖူးခက်တွင် ဈေးရောင်းသည့် မြန်မာအပါအ၀င် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီး
DVB
·
July 13, 2016
ဖူးခက်တွင် ဈေးရောင်းသည့် မြန်မာအပါအ၀င် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီး
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးခက်မြို့မှာ တရားမ၀င် ဈေးရောင်းတဲ့ မြန်မာအပါဝင်  နိုင်ငံခြားသား ၂၀ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့  မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဖူးခက်မြို့ ပါထောင်းရပ်ကွက်ထဲမှာ နိုင်ငံခြားသားတွေ ဈေးရောင်းနေကြောင်း ပြည်သူတွေရဲ့ တိုင်တန်းချက်အရ  ခရိုင်အလုပ်သမားရုံး၊ လ၀က၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတို့ပါဝင်တဲ့ ပူးပေါင်း အဖွဲ့တွေဟာ ဇူလိုင် ၁၂ ရက်က အဆိုပါရပ်ကွက်ရှိ ဈေးဆိုင် ၁၅ ဆိုင်ကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာလို့ ဖူးခက်ခရိုင်ဝန် နိုင်းကျစ်ရင်း ထိပ်ဖုန်းထာဒါက သတင်းစာရှင်းပွဲမှာပြောပါတယ်။

အဆိုပါ နိုင်ငံခြားသားတွေဟာ အထည်ရောင်းတာ၊ ဆိုင်ကယ်နဲ့လှည့်လည်ပြီး အအေးနဲ့ ဖျော်ရည်ရောင်းတာ၊ အမှတ်တရလက်ဆောင်ပစ္စည်းရောင်းတာတွေလုပ်ပြီး တချို့က ကိုယ်ပိုင် စီးပွားရေး လုပ်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် သူတို့ရောင်းကုန်တွေရော ဆိုင်ကယ် ၂ စီးပါ သိမ်းဆည်းခဲ့တယ်လို့ ခရိုင်ဝန်က ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၂၀ ဦးဟာ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာနဲ့ ၀င်ရာက်သူ၊  ဗီဇာကုန်ဆုံးသူ၊ အလုပ်သမားကတ်မရှိသူ၊ အလုပ်သမားကတ် ရှိပေမယ့် အလုပ်အမျိုးအစားမတူညီသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကတော့  ဈေးရောင်းရဖို့ နယ်မြေခံအာဏာပိုင်တွေကို လစဉ် ထိုင်းဘတ်ငွေ ၃၀၀ မှ ၅၀၀ ထိ လိုင်းကြေးပေးရကြောင်းထွက်ဆိုခဲ့ပါတယ်။

ခရိုင်ဝန်ကတော့ လာဘ်စားတဲ့ ၀န်ထမ်းတွေကိုရော အလုပ်သမားတွေကိုဈေးရောင်းခိုင်တဲ့ အလုပ်ရှင်ကိုပါ ဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013