မလေးရှားတွင် အကျဉ်းကျခံမြန်မာအလုပ်သမား ၆၀ ကျော် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ







1.7K
မလေးရှားနိုင်ငံမှာ ပြစ်မှုအသီးသီးနဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာအလုပ်သမား ၆၂ ယောက်ဟာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက် နေ့လယ် ၁ နာရီ ၅၀ နာရီမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။
သူတို့တွေဟာ မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်အသီးသကျခံခဲ့ပြီးတဲ့နောက် ထိန်းသိမ်းရေးစခန်းမှာ ပို့ခံထားရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့သူတွေဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ရှိတဲ့ ကတ်ပုန်းနာရေးကူညီမှုအသင်းရဲ့ အကူညီတောင်းခံမှုကြောင့် သန်လျင် သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရနဲ့ ဒကာ၊ ဒကာမတွေက သူတို့တွေ ပြန်လာခွင့်ရအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။
အခုပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေဟာ မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်း ၂ ခုမှာ အနိမ့်ဆုံးပြစ်ဒဏ် ၆ လကနေ ၁ နှစ်ခွဲထိ ကျခံထားသူတွေဖြစ်ပြီး အသက် ၁ နှစ်ခွဲရှိတဲ့ ကလေးငယ် ၁ ဦးပါ ပါဝင်နေတယ်လို့ သိရပါတယ်။
သူတို့တွေထဲက အိမ်နဲ့အဆက်အသွယ်မရသူတွေကို သန်လျင်သဘာဝတရားရိပ်သာ ဆရာတော်က စောင့်ရှောက်ထားမှာဖြစ်သလို အိမ်ပြန်စရာမရှိတဲ့သူတွေကိုလည်း ဆရာတော်က စောင့်ရှောက်ထားပြီး သင့်တော်တဲ့ အလုပ်အကိုင်တွေရှာဖွေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိမလေးရှားနိုင်ငံရဲ့အကျဉ်းထောင်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရ တဲ့ မြန်မာအလုပ်သမား ၂ထောင်ကျော် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ဟိန်းကို