DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် အေအေနှင့်ဆက်သွယ်မှုဖြင့် တရားစွဲဆိုခံရသူများအား ထောင်ဒဏ်ချမှတ်
DVB
·
July 13, 2016
ကျောက်ဖြူတွင် အေအေနှင့်ဆက်သွယ်မှုဖြင့် တရားစွဲဆိုခံရသူများအား ထောင်ဒဏ်ချမှတ်
Donate to DVB

ရက္ခိုင့်တပ်မတော်(အေအေ)နဲ့ ဆက်သွယ်မှုနဲ့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်အေး အပါအ၀င် ၃ ဦးကို ဒီနေ့ မနက်ပိုင်းက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာနေ ဦးမောင်အေး၊ ပေါက်တောမြို့နယ် ယင်းရဲကန် ကျေးရွာနေ ဦးထွန်းသာဖြူနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင် တို့ကို ထောင်ဒဏ်အသီးသီးချမှတ်လိုက်တာပါ။

ဦးမောင်အေးကို မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ဦးဇော်ဝင်းမောင်နဲ့ ဦးထွန်းသာဖြူတို့ ၂ ဦးကို မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃ ဦးကို ပြစ်ဒဏ်ကို ချုပ်ရက်က ခံစားစေပြီး အလုပ်နဲ့ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

၃ ဦးစလုံးကို မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာလို့ ရှေ့နေဦးတင်မြင့် က ပြောပါတယ်။

"သတင်းအရဆိုပြီး စရဖ ကဖမ်းဆီးတရားစွဲတာပေါ့။ ခုလိုဆုံးဖြတ်တဲ့အပေါ် မှတ်ချက်မပေးလို ပါဘူး။ ဒီအမှုမှာ လိုက်ပါနေတဲ့ ရှေ့နေ ငါးဦးရှိပါတယ်။ သူတို့နှင့် တိုင်ပင်ပြီး ဆက်လက် အယူခံသွားပါမယ်" ရှေ့နေဦးတင်မြင့် ကပြောပါတယ်။

၃ ဦးစလုံးကို ရက္ခိုင့်တပ်မတော်နဲ့ဆက်သွယ်မှုနဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် ဦးမောင်အေးရဲ့နေအိမ်မှ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သတင်း - ထွန်းနိုင် (KSNG)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013