DVB Logo
Home
မြန်မာသတင်း
အစိုးရဘက်က တွေ့ဆုံရေးကမ်းလှမ်းလျှင် UNFC သဘောထားကိုသာ တင်ပြမည်
DVB
·
September 26, 2011
အစိုးရဘက်က တွေ့ဆုံရေးကမ်းလှမ်းလျှင် UNFC သဘောထားကိုသာ တင်ပြမည်
Donate to DVB

မြန်မာအစိုးရ ကိုယ်စားလှယ်တဖွဲ့က တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီကို ဆက်သွယ် မေးမြန်းရာမှာ ပါတီ နိုင်ငံခြားဆက်ဆံရေးဌာန ပြောခွင့်ရသူ  နိုင်ဟံသာဘုံခိုင်က  ဒီသတင်း ထွက်ပေါ်နေ ပေမယ့် သူတို့ဆီ တရားဝင် ဆက်သွယ်တာ မရှိဘူးလို့ ပြောပါတယ်။

အစိုးရကိုယ်စားလှယ်တွေက မွန်ပြည်သစ်ပါတီကို တွေ့ဆုံဖို့ ကမ်းလှမ်းလာရင် တွေ့ဆုံဖို့ရှိပေမယ့် အပစ်ခတ်ရပ်စဲရေဆွေးနွေးရင်တော့  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ တွေ့ဆုံဖို့ပဲ လမ်းညွှန်မယ်လို့ နိုင်ဟံသာဘုံခိုင်က ပြောပါတယ်။

“ကျနော်တို့က UNFC မူအတိုင်းပဲလေ။ တပ်ပေါင်းစုနဲ့ပဲ နိုင်ငံရေး ဆွေးနွေးဖို့ပဲ ရှိတယ်လေ။ ဒါပေမယ့် သဘောထားကတော့ ကမ်းလှမ်းသူကို တွေ့တာကလည်း တွေ့မှာပေါ့။ ကိုယ့်အမြင်ကိုတော့ ပြောဖို့တော့ ရှိတာပေါ့။”

မွန်ပြည်သစ်ပါတီဝင်ဟောင်းတွေပါဝင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ကို မကြာ သေးခင်က ဖွဲ့စည်းလိုက်တယ်လို့ သိရပြီး မွန်ပြည်သစ်ပါတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ မကြာခင် ကမ်းလှမ်းလာဖွယ်ရှိတယ်လို့လည်း နိုင်ဟံသာဘုံခိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013