DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့အရေးပေါ်ဖုန်းသို့ စနောက်၍ မဆက်သွယ်ရန် မေတ္တာရပ်ခံ
DVB
·
July 13, 2016
ရဲတပ်ဖွဲ့အရေးပေါ်ဖုန်းသို့ စနောက်၍ မဆက်သွယ်ရန် မေတ္တာရပ်ခံ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ ဖုန်းသတင်းလက်ခံဌာနဖုန်းကို စနောက်ပြီး မဆက်သွယ်ဖို့၊ မမှန်သတင်း မပေးဖို့ ရဲတပ်ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ ၁၉၉ ဖုန်းသတင်းလက်ခံဌာန Call Center ဖုန်းအမှတ် ၁၉၉/ ၀၁-၂၃၂၃၁၉၉ ကို ဇူလိုင် ၄ ရက်နေ့က စတင်ဖွင့်လှစ်ပြီး ၂၄ နာရီ တာဝန်ထမ်းဆောင်နေတာပါ။

စဖွင့်တဲ့နေ့ကနေ ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့အထိ ဆက်သွယ်လာတဲ့ ဖုန်းအကြိမ် ၁၂၀ လောက်မှာ စနောက်တာက အကြိမ် ၅၀၊ မမှန်သတင်းပေးတာက အကြိမ် ၃၀ နဲ့ ဖြစ်စဉ်မှန်ပေးပို့တာက အကြိမ် ၄၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီလို စနောက်တာတွေကြောင့် အကူအညီလိုနေသူတွေ ခေါ်ဆိုဖို့ အခက်အခဲ ဖြစ်သလို သတင်းမှားတွေကို သွားရောက်စုံစမ်းရတာတွေကြောင့် အမှန်တကယ်ဖြစ်တြ့ နေရာကို သွားဖို့ တပ်ဖွဲ့ဝင်အင်အား လျော့နည်းရတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။

ဒီအတွက် ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဝိုင်ဝန်းအကူအညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013