DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးမကောင်းသည့် ကလေးစစ်သားကို မိဘများက ပြန်လိုချင်
DVB
·
September 25, 2011
Donate to DVB

ကျန်းမာရေးမကောင်း ဖြစ်နေတဲ့ အသက် ၁၇ နှစ်အရွယ် ကလေးစစ်သားတဦးကို တပ်ထဲကနေ ပြန်လိုချင်တယ်လို့ သူ့မိဘတွေက ပြောပါတယ်။

ရန်ကုန်တိုင်း တွံ့တေးမြို့နယ် မင်းလှိုင်ရပ်ကွက်မှာ နေထိုင်တဲ့ မောင်အောင် အောင်ဟာ ​ပြီးခဲ့တဲ့ဇွန်လတုန်းက ပျောက်ဆုံးသွားပြီး တညင်းကုန်း တပ်သားစု ဆောင်းရေးကို ရောက်ရှိသွားတာကို အဲဒီလမှာပဲ စုံစမ်းသိရှိရလို့ လိုက်သွားရာမှာ မောင်အောင်အောင်က ပြန်လိုက်ချင်တယ်ပြောလို့ တာဝန်ကျအရာရှိကို ပြောရာမှာ ကျပ်သုံးသိန်းပေးရမယ် ဆိုတာကြောင့် အိမ်ပေါင်ပြီး သွားရွေးပေမယ့် ရမလာဘူးလို့ ဖခင် ဦးစိုးသက်က ပြောပါတယ်။

လှည်းကူးမြို့နယ် ဖောင်ကြီး စစ်လေ့ကျင့်ရေးတပ်ကို ရောက်သွားပြီဖြစ်တဲ့ မောင်အောင်ဆီကို မနေ့က ထပ်သွားတဲ့အခါ ကျန်းမာရေးချို့တဲ့နေတာ တွေ့ခဲ့ရတယ်လို့ ဦးစိုးသက်က ပြောပါတယ်။

“အသားအရေက ဖြူဖတ်ဖြူ ရော်နဲ့၊ ခြေတွေလက်တွေကလည်း ရောင်ရမ်းနေ တယ်။ မျက်နှာကြီးကလည်း အကြီးကြီးဖြစ်နေတယ်။ ဒီကလေးဆီကို တခေါက်တ ခေါက် သွားတွေ့ရတာ ငွေးကြေးကလည်း ကုန်တယ်။ တခေါက်ထက် နောက်တ ခေါက်လည်း မသွားနိုင်ဘူး။ ငါးပိချက်လေးဘာလေး ထည့်ပြီး သွားပေးတဲ့အခါမှာ အသားအရေ မမှန်ဘဲနဲ့ မျက်နှာကြီးက အကြီးကြီးဖြစ်နေတော့ စိုးရိမ်တာပေါ့။ ဒီကလေးကိုပဲ မိသားစုက အမြန်ဆုံး ပြန်လိုချင်တာပေါ့။”

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)ကို တိုင်ကြားထားပေမယ့် ခုထိ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

အဲဒီကလေးစစ်သားကို ၂၀၁၁ ဇွန်လမှာ တပ်ကြပ်ကြီးကျော်ညီညီလင်းက တညင်းကုန်း စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး မိဘတွေနောက်ကို ပြန်လိုက်ရင် ထောင်ဒဏ်ချပစ်လို့ရတယ်လို့ ကလေးကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း မောင်အောင်အောင်က သူ့မိဘကို ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013