DVB Logo
Home
မြန်မာသတင်း
လေးမြို့မြစ်ကမ်းပြို၊ နေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရ
DVB
·
July 13, 2016
လေးမြို့မြစ်ကမ်းပြို၊ နေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရ
1 / 5
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက (ရာမောင်မြစ်) လေးမြို့မြစ်ကမ်းပါးတလျှောက်မှာ ရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုနေတဲ့အတွက် နေအိမ်တွေကို အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြစ်ကမ်းပါးက မြေသားတွေ ပေ ၅၀ လောက်ပြိုကျသွားတဲ့အတွက် နေအိမ်တွေကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဒါပေမယ့် အစားထိုးနေရာချထားဖို့ အစီအစဉ်တွေမရှိသေးတဲ့အတွက် နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေတွေထံ မှာပဲ အကူအညီတောင်းပြီးတော့ မိုးတွင်းကာလမှာ တည်းခိုဖို့ စီစဉ်ပေးထားတယ်လို့ သိရပါ တယ်။ မင်းပြားမြို့နယ်ထဲမှာ နှစ်စဉ်ကမ်းပြိုနေကျဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရေစီးကြမ်းပြီး မြစ်ရေက ကမ်းပါးကို အတွင်းကနေလှိုက်စားလာတာကြောင့် အချိန်တိုအတွင်းမှာ ကမ်းပါးတွေ ပြိုကျနေပါတယ်။ ဒါကြောင့်ဒေသခံတွေဟာ ပုံမှန်အလုပ်ကိုတောင်မလုပ်နိုင်တော့ပဲ နေ့ရောညပါ ကမ်းပြိုမှုအခြေအနေတွေကို စောင့်ကြည့်နေရတယ်လို့လည်း မြစ်ကမ်းပါးနေသူတွေက ဆိုပါ တယ်။

မြစ်ကမ်းပါးပြိုတာကို ကာကွယ်ဖို့ ကမ်းထိန်းနံရံတွေတည်ဆောက်ခဲ့ပေမယ့် ကမ်းထိန်း နံရံတွေပါ ပြိုကျနေပြီး နောက်ထပ် ရေစီးကြမ်းလာရင် မြစ်ကမ်းပါးတလျှောက်က နေအိမ် တော်တော်များများကို ရွှေ့ပြောင်းရမယ့် အခြေအနေရှိပါတယ်။ ဒါကြောင့် လေးမြို့မြစ်ကမ်း တလျှောက်က ပန်းမြောင်း၊ ရွှေတမာ၊ မန်ကျည်း ပင်စု၊ နဂရာ၊ ဇီးကိုင်းနဲ့ လက်မရွာတို့ဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

မင်းပြားမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း ရေကြီးနစ်မြုပ်မှုနဲ့ မြစ်ကမ်းပါးပြိုမှုကို ရင်ဆိုင်နေရပြီး ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၃ ခုက အိမ်ထောင်စု ၃၁၆၄ စု၊ လူဦးရေ ၁၃၁၂၃ ဦးကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း - အောင်ကို

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013