ခမာနီခေါင်းဆောင်ဟောင်းတွေကို ထပ်မဖမ်းပါနဲ့
DVB
·
September 25, 2011
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ခမာနီခေါင်းဆောင်ဟောင်းတွေကို ထပ်မံဖမ်းဆီးတာ ဟာ ပြည်တွင်းစစ်မီး ဖြစ်စေနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားက ကုလသမဂ္ဂကျောထောက်နောက်ခံပြု တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ခမာနီ ထိပ်တန်း ခေါင်းဆောင်ဟောင်း ၄ ဦးကို ရုံးတင်စစ်ဆေးနေပါတယ်။ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်တွေအ တွင်း ကမ္ဘောဒီးယားမှာ လူ ၂ သန်းနီးပါး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုစွဲချက်တွေနဲ့ သူတို့လေးဦး ရင်ဆိုင်နေရပါတယ်။ သူတို့ကို ခုံရုံးတင် စစ်ဆေးနိုင်ဖို့ နှစ် ၃၀ ကျော် အချိန်ယူခဲ့ရပါတယ်။ အေရှားကောလင်း သတင်းထောက် `ဘိုရင်းနောင်´ က ခမာနီတွေ အရင်က ခြေကုပ်ယူခဲ့တဲ့ `ဆွမ်လော့တ်´ မြို့ကနေ သတင်း ပေးပို့ထားပါတယ်။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။)