DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်း
DVB
·
July 12, 2016
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်း
1 / 4
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတ ဦးထင်ကျော် လက်မှတ်ထိုးထားတဲ့ အမိန့်ကြေညာချက်ကို ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒုတိယဥက္ကဋ္ဌများအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့ကို တာဝန်ပေးထားပါတယ်။

နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နိုင်သက်လွင်၊ ရှေ့နေချုပ် ဦးထွန်ထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ အပါအ၀င် အဖွဲ့ဝင် ၇ ဦးနဲ့ အတွင်းရေးမှူး ၁ ဦးတို့ကို ခန့်အပ် တာဝန်ပေးထားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပေးဖို့နဲ့ ဦးဆောင်လမ်းညွှန်မှုပေးဖို့၊ ဒီလိုလုပ်ငန်းစဉ်တွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေ၊ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမယ့် မူဝါဒတွေ ချမှတ်ဖို့၊ ဒီလုပ်ငန်းစဉ်တွေမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အကူအညီပေးတဲ့ အလှူရှင် အဖွဲ့အစည်းတွေ၊ နယ်ပယ်အသီးသီးက ပြည်တွင်းပြည်ပ တတ်သိပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ အဆင်ပြေချောမွေ့စွာ ပူပေါင်းပါဝင်နိုင်ရန် လိုအပ်တဲ့ ဦးဆောင်လမ်းညွှန်မှုပေးရန် စတဲ့ လုပ်ငန်းတာဝန်တွေကို ဖော်ပြထားပါတယ်။

လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ အကြံပေးအဖွဲ့၊ အထောက်အကူပြု အဖွဲ့တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဖွဲ့စည်းခန့်အပ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံပြန်တမ်းဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013