A d v e r t i s e m e n t With Us

ကျန်း​မာ​ရေး​စောင့်​ရှောက်မှုစရိတ် သက်သာလိုပါသလား
သစ်​တောများ​ကို ကာကွယ်ထိန်း​သိမ်း​ပါ

သင့်​ကျန်း​မာ​ရေး​ကုသစရိတ်ကို ​လျှော့​ချလိုပါသလား​၊​ သင့်​ကျေး​ရွာမှာ တရား​မဝင် သစ်ပင် ခုတ်လှဲတာ​တွေ မရှိ​စေချင်ဘူး​လား​၊​ ဒီနှစ်ခုလုံး​ ဖြစ်ချင်ရင်​တော့​ အင်ဒိုနီး​ရှား​နိုင်ငံ ဘိုရန်နို ကျွန်း​အ​နောက်ဘက် ကာလီမန်တန်ပြည်နယ် အမျိုး​သား​ပန်း​ခြံနား​မှာရှိတဲ့​ `အဆရီ´ ​ဆေး​ ခန်း​လေး​ရဲ့​ လုပ်ကိုင်ပုံကို အတုယူသင့်​ပါတယ်။ ​ဆေး​ခန်း​လေး​က ကျန်း​မာ​ရေး​ကုသတာနဲ့​ သစ်​တောထိန်း​သိမ်း​ရေး​ နှစ်ခုလုံး​ တွဲဖက်လုပ်ကိုင်​နေပါတယ်။ ဒီ​ဆေး​ခန်း​ရဲ့​ လုပ်​ဆောင်မှု​တွေ ထိ​ရောက်မှုရှိတဲ့​အ​ကြောင်း​ အင်ဒိုနီး​ရှား​သတင်း​ထောက် `ဟာရီယန်တို´က ဘိုရန်နိုကျွန်း​ ​ပေါ်က အဆရီ​ဆေး​ခန်း​အထိ ကိုယ်တိုင်သွား​ရောက် သတင်း​ပေး​ပို့​ထား​ပါတယ်။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာကို အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။)

A d v e r t i s e m e n t With Us

More News
Up