ပေါ်တူဂီနည်းပြက ရော်နယ်ဒို၏ ခေါင်းဆောင်မှုစွမ်းရည်ကို ချီးကျူး

ဥရောပဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ပေါ်တူဂီက အိမ်ရှင်ပြင်သစ်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်လာပြီးနောက် ပေါ်တူဂီအသင်းနည်းပြ ဆန်းတော့စ်က ရော်နယ်ဒိုရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ချီးကျူးစကား ပြောပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးဗိုလ်လုပွဲမှာ ပေါ်တူဂီက ပြင်သစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ရော်နယ်ဒိုဟာ ပွဲချိန် ၂၅ မိနစ်မှာပဲ ဒဏ်ရာရလို့ ဆက်မကစားနိုင်တော့ဘဲ လူစားလဲခဲ့ရပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင်တယောက်အနေနဲ့ အသင်းသားတွေ စိတ်ဓာတ်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ ဆန်းတော့စ်က ပြောပါတယ်။ ရော်နယ်ဒိုဟာ တချို့ ဝေဖန်နေသလိုမျိုး မဟုတ်ဘဲ အသင်းစိတ်ဓာတ်ကို ဒီပွဲမှာ သက်သေပြခဲ့တယ်လို့ နည်းပြက ချီးကျူးပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးကွင်းထဲကို ပြန်မ၀င်နိုင်တော့ပေမယ့် အ၀တ်လဲခန်းနဲ့ ပွဲကြည့်ခုံမှာ ရှိနေတာဟာ အလွန်အရေးပါခဲ့တယ်လို့ ဆန်းတော့စ်က ဆိုပါတယ်။ နည်းပြဖြစ်တဲ့ သူ့ကို ကူညီသလို အသင်းဖော်တွေကိုလည်း စိတ်ဓာတ်တက်ကြွအောင်  အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဗဟို နောက်တန်းကစားသမား ပီပီကလည်း ဘောလုံးပွဲကနေ ရော်နယ်ဒို ထွက်လိုက်တဲ့အတွက် အနိုင်ရအောင် ကစားလိုစိတ်တွေ ပိုပြီး ပြင်းထန်ခဲ့တယ်လို့ ပြောပါတယ်။ အသင်းမှာ ဂိုးသွင်းနိုင်တဲ့ ရော်နယ်ဒို ပွဲကနေ ထွက်လိုက်ရတဲ့နောက်မှာ ရော်နယ်ဒိုအတွက် ဒီပွဲကို အနိုင်ကစားကြဖို့ တခြားအသင်းဖော်တွေကို တိုက်တွန်းခဲ့တယ်လို့ ပီပီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up