ယူရို ၂၀၁၆ ရွှေဖိနပ်ဆု ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း ရရှိ

ဓာတ်ပုံ - ရိုက်တာ
ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပြင်သစ်တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းက ရရှိသွားပါတယ်။ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ သွင်းဂိုး စုစုပေါင်း ၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိသွားတာပါ။ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပွဲစဉ် ၇ ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းယူတဲ့အပြင် အသင်းဖော်တွေ ၂ ဂိုးရအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၃ ဂိုးပဲ သွင်းယူနိုင်ပြီး အသင်းဖော်တွေကို ၃ ဂိုးရအောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူရိုပြိုင်ပွဲရဲ့ ဒုတိယ သွင်းဂိုးအများဆုံးသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ပေါ်တူဂီက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ရီနာတို ဆန်းချက်ဇ်ကတော့ ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားပါတယ်။ ဆန်းချက်ဇ်ဟာ ယူရိုပြိုင်ပွဲတလျှောက်မှာ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up