DVB Logo
Home
မြန်မာသတင်း
တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စွမ်းရည်ပြည့်ဝသည့် လူငယ်များ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
September 23, 2011
တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် စွမ်းရည်ပြည့်ဝသည့် လူငယ်များ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ လူငယ်တွေ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

[caption id="attachment_15866" align="alignleft" width="310" caption="photo-nldfacebook"][/caption]

ဒီလ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ (အောင်ဆန်းပင်လုံ) စာဖတ်ခန်း ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းကြည်က ပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြန်ပြောပြပါတယ်။

“အထွေထွေအတွင်းရေးမှူးပြောတဲ့ အမှာစကားမှာတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆိုရင် စွမ်းဆောင်ရည်ပြည့်ဝတဲ့ တကယ် လူငယ်၊ လူတတ်တွေ အများအပြား လိုအပ်နေတယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လူငယ်တွေ ပေါ်ထွန်းလာဖို့ အတွက်ဆိုရင် စာဖတ်ခန်းတွေက များစွာ အထောက်အကူ ပြုနိုင်တယ်၊ အကျိုးပြုနိုင်တယ်။ ဒါကြောင့်မို့လို့ စာဖတ်ခန်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းကြပါ။ စေတနာရှင်တွေကလည်း တတ်စွမ်းသလောက် ငွေကြေး၊ ပစ္စည်းပစ္စယ စတဲ့ စာအုပ်စသည်ဖြင့် ထောက်ပံ့ကူညီကြပါလို့ ပြောကြား တိုက်တွန်းသွားပါတယ်။”

အောင်ဆန်းပင်လုံ စာဖတ်ခန်းကို သင်္ဃန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ်တွေဦးဆောင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့တွေ အပါအ၀င် လူဦးရေ ၁၅၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

စာဖတ်ခန်းဖွင့်ပွဲ တက်ရောက်သူတွေထဲက စေတနာရှင်တချို့က ကျပ် ၁၀ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အောင်ဆန်းပင်လုံစာဖတ်ခန်း ဖွင့်လှစ်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးဆောင်ဖွင့်လှစ်ခဲ့သူ ဥပဒေအကြံပေး  ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ မြို့နယ်မှာ စာဖတ်ခန်းအနေနဲ့ လူငယ်တွေ အသိပညာ တိုးမြင့်လာဖို့အတွက် ပေါ့ဗျာ။ တိုင်းပြည်ကလည်း ပညာရေးရန်ပုံငွေဆိုတာ အသုံးပြုတာက ၄ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုတဲ့ ကာလမှာ အခြေခံ အဆောက်အအုံအနေနဲ့ စာပေပိုင်းဆိုင်ရာပေါ့ အသိပညာဆွေးနွေးမှုတွေ လုပ်လာနိုင်အောင် ရေရှည်မျှော်ကိုးပြီး ကျနော်တို့ ဒီစာဖတ်ခန်းကို ဖွင့်တာပါ။

“စာဖတ်ခန်းမှာ စာပေဆွေးနွေးမှုတွေ ကျနော်တို့ လုပ်လာမှာပေါ့ဗျာ။ အတွေးအခေါ် မြင့်မားအောင် ခေတ်နဲ့ မျက်ခြေမပြတ် ဖြစ်အောင်လည်း ကျနော်တို့ ကြိုးစား ဆောင်ရွက်ဖို့ပေါ့။ ပညာရှင်တွေကိုလည်း ခေါ်ယူပြီးတော့ ဆွေးနွေးမေးမြန်းတာတွေ၊ ဟောပြောပွဲတွေ လုပ်နိုင်သည်အထိ ကျနော်တို့ ရည်ရွယ်ပါတယ်။”

ဒီစာဖတ်ခန်းမှာ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေး၊ ကလေးစာပေ၊ နိုင်ငံတကာ၊ သမိုင်းအထောက်အထားနဲ့ ပတ်သက်တဲ့  စာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိထားပြီး အင်တာနက်ကနေတဆင့် ရှာဖွေဖတ်ရှုနိုင်တဲ့ အွန်လိုင်း စာကြည့်တိုက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အောင်ဆန်းပင်လုံစာဖတ်ခန်းကို သင်္ဃန်းကျွန်းမြို့နယ် လေးထောက်ကန် လမ်းမ ဇ/ မြောက်ရပ်ကွက်က  တိုက်အမှတ် င/ ၂၄၈ အခန်း (A-3) ဒုတိယ အထပ်မှာ ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013