DVB Logo
Home
မြန်မာသတင်း
ရာဇဂြိုဟ်ဆည် မကျိုးနိုင်ကြောင်း လူထုကို သတင်းပေးရန် ဒုသမ္မတ မှာကြား
DVB
·
July 10, 2016
ရာဇဂြိုဟ်ဆည် မကျိုးနိုင်ကြောင်း လူထုကို သတင်းပေးရန် ဒုသမ္မတ မှာကြား
1 / 6
Donate to DVB

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကလေးမြို့ ရာဇဂြိုဟ်ဆည်ကို သွားရောက်ပြီး ဆည်မကျိုးနိုင်ဘူးဆိုတာ ဒေသခံတွေ ကျယ်ကျယ်ပြန့်ပြန့်သိအာင် လုပ်ကြဖို့ တာဝန်ရှိသူတွေကို  လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ရောက်ရှိပြီးတဲ့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ဆည်ကျိုးနိုင်တယ်လို့ သတင်းတွေထွက်နေတဲ့ ရာဇဂြိုဟ်ဆည်ကို ရောက်ရှိစစ်ဆေးပြီး မှာကြားခဲ့တာလို့ ကလေးမြို့က ပြည်နယ်လွှတ်တော်အမတ် ဦးကမ်ဇာမုန်က ပြောပါတယ်။

“မြေပြိုဆည် ကျိုးရင် ရာဇဂြိုဟ်ဆည်လည်း ကျိုးနိုင်ပြီး ကလေးမြို့တမြို့လုံး ဒုက္ခရောက်နိုင်တယ်လို့ နာမည်ကြီးနေတာကိုး၊ အဲ့ဒီဆည်ကို တာဝန်ယူနေတဲ့ အင်ဂျင်နီယာတွေက ရှင်းပြတယ်၊ အဲ့လို လွယ်လွယ်နဲ့ မပြိုနိုင်ဘူး၊ အန္တရာယ် မရှိပါဘူး၊ ရှင်းပြတော့ ဒုသမ္မတက လမ်းညွှန်တာပေါ့နော်၊ အဲ့လို စိတ်ချရတဲ့အကြောင်းကို ဒီမှာတင်ပြောတာ မဟုတ်ဘဲနဲ့ ပြည်သူလူထုကြားမှာ ယုံကြည်စိတ်ချမှုရှိအောင် နည်းစနစ်မျိုးစုံသုံးပြီ အသိပညာပေးကြဖို့ပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာ ရေဘေးအပြီး တွေ့ရှိခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ထဲက သဘာဝမြေပြိုကန်ပြိုရင်  ရာဇဂြိုဟ်ဆည်လည်း ကျိုးနိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုချက်တွေ ဆက်တိုက်ထွက်ပေါ်နေတာဖြစ်ပြီး အခု ဒုသမ္မတ အဲ့ဒီဆည်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Septrmber Aung Taung

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013