DVB Logo
Home
မြန်မာသတင်း
အမေရိကန်အစိုးရက ဒုက္ခသည်တသောင်းလောက် ခေါ်ယူမည်
DVB
·
September 23, 2011
အမေရိကန်အစိုးရက ဒုက္ခသည်တသောင်းလောက် ခေါ်ယူမည်
Donate to DVB

အမေရိကန်အစိုးရက မြန်မာဒုက္ခသည် တသောင်းလောက်ကို ဒီနှစ်အတွင်း ခေါ်ယူမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်။

အမေရိကန်သံအမတ် ခရစ္စတီးကန်နီ (Kristie Kenney) က ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင် ထမ်ဟင်ဒုက္ခသည်စခန်းကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ကြည့်ရှုအပြီး မီဒီယာတွေကို ထုတ်ဖော် ပြောဆိုလိုက်တာပါ။

သူမရဲ့ ပြောဆိုချက်တွေထဲမှာ ဒုက္ခသည်တွေ လူ့ဂုဏ်သိက္ခာ အပြည့်အ၀ရှိပြီး အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ကြဖို့အတွက် အာမခံချက် အရိပ်လက္ခဏာ တစုံတရာ မတွေ့ရသေးသလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ မြန်မာပြည်ငြိမ်းချမ်းသွားမယ့် အလားအလာကိုလည်း လုံးဝမတွေ့ ရသေးကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒုက္ခသည် တသောင်းလောက်ကို ဒီနှစ်အတွင်း ခေါ်ယူမယ်ဆိုတဲ့အကြောင်းကို တရားဝင် အကြောင်းကြားတာ မရှိသေးပါဘူးလို့ ကရင်ဒုက္ခသည်ကော်မတီ (ကေအာစီ) ဥက္ကဋ္ဌ ဆရာ ရောဘတ်ထွေးက ပြောပါတယ်။

အီးယူခေါ် ဥရောပသမဂ္ဂက အထောက်အပံ့တွေ လျှော့ချလိုက်လို့ ဒုက္ခသည်တွေရဲ့ အခြေခံ လူမှုစောင့်ရှောက်ရေးတွေ ကျပ်တည်းနေချိန်မှာ တတိယနိုင်ငံက အမြန်ခေါ်မှပဲ ဆင်းရဲမှုက လွတ်မြောက်ရေးလမ်း တခုအဖြစ် မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

“တချို့လူတွေကတော့ အတော်စိတ်ဓာတ်ကျတယ်လေ။ မြန်မာပြည်မှာလည်း နေလို့မရ၊ သူတို့လယ်တွေယာတွေ တောင်ယာတွေ ရှိကြတာလည်း ပြန်လို့ မရဲ၊ အလုပ်လုပ်ဖို့ ဟာကလည်း ဘာမှ အခွင့်မရှိတော့ သူတို့ တော်တော် စိတ်ဓာတ်ကျတယ်။ သူတို့ဟာ တတိယနိုင်ငံတွေက အခေါ်ကို မျှော်နေကြတယ်။”

ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုလုံးက ဒုက္ခသည် စုစုပေါင်း ၆ သောင်းကျော်ကို အမေရိကန်နိုင်ငံက ခေါ်ယူသွားခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် တသိန်းခွဲခန့် ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013