မြစ်ဆုံစီမံကိန်းရပ်တန့်ရန် မလေးရှားရောက် မြန်မာများ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
September 22, 2011

ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်တန့်ဖို့ မလေးရှားနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးမှာ မြန်မာနိုင်ငံသား ၁၀၀ နီးပါး ပိုစတာတွေ အလံတွေ ကိုင်ဆောင်စုရုံးပြီး “မြစ်ဆုံစီမံကိန်း – ချက်ချင်းရပ်၊ နိုင်ငံရေးအကျဉ်းသား ချက်ချင်းလွှတ်၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး – ချက်ချင်းလုပ်၊ “ဒီမိုကရေစီရရှိရေး- ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
Read more