င၀န်မြစ်ကမ်းပါးပြို၊ လူနေအိမ်များ ပြောင်းရွှေ့နေရ

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ရှမ်းစုကျေးရွာတွင် ဒီနေ့ ရက်နေ့ကစပြီး ငဝန်မြစ် ကမ်းပါးပြိုကျလို့ လူနေအိမ်တွေ ပြောင်းရွှေ့နေကြရပါတယ်။ ကံဘက်အုပ်စုဟာ ငဝန်မြစ်နဲ့ ကညင်ချောင်းဆုံတဲ့နေရာမှာ တည်ရှိလို့ နှစ်စဉ်ကမ်းပါးပြိုကျတာတွေနဲ့ တွေ့ကြုံနေရတာပါ။ အခုနှစ် ၂၀၁၅ ခု သြဂုတ်လကစတင်ပြီး လူနေအိမ်ခြေ ၈၀ ကျော်ရွှေ့ပြောင်းခဲ့ရပြီး ၂၀၀၄ ခုနှစ်က တည်းက ရှမ်းစုကျေးရွာဟာ ကမ်းပါးတွေပြိုကျလို့ လူနေအိမ်တွေ ရွှေ့ပြောင်းခဲ့ရပါသေးတယ်။ အခုလိုရွှေ့ပြောင်းနေကြရလို့ မြေနေရာအခက်အခဲဖြစ်ပေါ်နေပြီး ရွှေ့ပြောင်းနေရတဲ့လူတွေက လုပ်စားမြေကိုင်းမြေတွေနေရာတွေမှာ စုပြီးရွှေ့ပြောင်းနေကြရပါတယ်။ လုပ်စားမြေမရှိတဲ့လူတွေကတော့ ဆယ်လံပတ်လည်တစ်ကွက်ကို ကာလပေါက်ဈေး ကျပ် ၅ သိန်းနဲ့ ဝယ်ယူပြီး နေထိုင်နေကြရပါတယ်။ အချို့ကတော့ ငွေကြေးအခက်အခဲတွေဖြစ်ပေါ်နေတဲ့အတွက် နေထိုင်ဖို့ မြေနေရာအခက်အခဲ ဖြစ်နေကြပါတယ်။ ရှမ်းစုကျေးရွာမှာ အိမ်ခြေ ၁၃၀ ကျော်ရှိပြီး ဒီနေ့မှာ အိမ် ၃ လုံးရွှေ့ပြောင်းရပြီး နောက်ထပ် ကမ်းပါးနဲ့နီးတဲ့အိမ်ခြေပေါင်း ၃၀ လောက် အရေးပေါ်ရွှေ့ပြောင်းရမှာဖြစ်တဲ့အတွက်  လက်လုပ်လက်စားတွေ ဒေသခံတွေ ဝယ်ယူဖို့ မဖြစ်နိုင်တာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ သတင်း၊ ဓာတ်ပုံ - သန်းထိုက်မြင့်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up