လူမည်းများကို ပစ်ခတ်မှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ရဲအရာရှိ ၁၀ ဦး ပစ်ခံရ၊ ၄ ဦးသေဆုံး

ဓာတ်ပုံ - WFAA
အမေရိကန်ပြည်ထောင်စု လူဝစ်စီယားနားနဲ့ မင်နီဆိုတာတွေမှာ လူမည်းတွေကို ပစ်သတ်ခဲ့တာ ကန့်ကွက်ဆန္ဒပြတဲ့ပွဲမှာ ရဲအရာရှိ ၁၀ ဦး ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံးသွားပါတယ်။ ဇူလိုင် ၈ ရက် ဒါးလက်စ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ စနိုက်ပါလို့ ယူဆရတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒါးလက်စ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ “သံသယရှိသူကို ရှာဖွေနေပါတယ်။ သံသယရှိသူ တဦးတယောက်မှ မဖမ်းမိသေးပါဘူး” လို့ ဒါးလက်စ်ရဲဌာန အကြီးအကဲ ဒေးဗစ်ဘရောင်းက ထုတ်ပြန်ချက်မှာ ရေးပါတယ်။ အစောပိုင်းက ရဲအရာရှိ ၄ ဦး အပစ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ရဲအရာရှိ ၁၀ ဦး ပစ်ခံရတာ တူမတူကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းတွေမှာ ရေးပါတယ်။ ည ၉ နာရီမတိုင်မီ မြို့ထဲကို ဆန္ဒပြ စီတန်းလှည့်လည်ချိန် ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာ သေနတ်သံတွေကို ကြားခဲ့ရတယ်လို့ အေဘီစီသတင်းထောက်က လူမှုကွန်ရက် တွစ်တာမှာ ရေးပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒါးလက်စ်မှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလိုင်းတွေက ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up