ရော်နယ်ဒို၊ နာနီတို့၏ ဂိုးဖြင့် ဝေးလ်စ်ကိုနိုင်ပြီး ပေါ်တူဂီ ယူရိုဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ဝေးလ်စ်အသင်းတို့ ဇူလိုင် ၆ ရက်ညက ရင်ဆိုင်ကစားခဲ့ပြီး ပေါ်တူဂီအသင်းက ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိကာ ယူရိုဗိုလ်လုပွဲကို သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ပါတယ်။ ထောင့်ကန်ဘောကတဆင့် ဂယ်ဟယ်ရို ကန်တင်ပေးတာကို စီရော်နယ်လ်ဒိုက ၅၀ မိနစ်မှာ ခေါင်းတိုက်ပြီး ပထမဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၃ မိနစ်အကြာမှာပဲ စီရော်နယ်လ်ဒိုရဲ့ကန်ချက်ကို နာနီက လမ်းကြောင်းပြောင်းပြီး ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။ အခုပွဲမှာ စီရော်နယ်လ်ဒို တဂိုးသွင်းယူနိုင်ခဲ့လို့ ပြင်သစ်ဂန္ထ၀င်တိုက်စစ်မှူး ပလာတီနီ စံချိန်တင်ထားတဲ့ ပြိုင်ပွဲသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ၉ ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းကတော့ ပြိုင်ပွဲသမိုင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၀၄ ပြိုင်ပွဲမှာသာ ဖိုင်နယ်တက်ခဲ့ပြီး နောက်ပိုင်း အခု  ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up