DVB Logo
Home
မြန်မာသတင်း
တောင်ငူရေဘေးသင့်သူများ အကူအညီများ လိုအပ်
DVB
·
September 22, 2011
Donate to DVB

ပဲခူးတိုင်းတောင်ငူခရိုင်အတွင်းမှာ အချိန်နှစ်လကျော်ကြာတဲ့အထိ ရေဘေးသင့်နေတဲ့ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးနဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ကြုံနေကြရတဲ့အတွက် အကူအညီလိုအပ်နေပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ကျေးရွာပေါင်း ၂၀ ကျော် ရေဘေးသင့်နေပြီး အလှူအတန်း အရောက်အပေါက် နည်းပါးတဲ့ အရပ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

တောင်ငူမြို့နဲ့ ၁၄ မိုင် လောက်ကွာဝေးပြီး ရေဘေးဒုက္ခသည်  ၂၀၀ ကျော် ရှိနေတဲ့ အုန်းပင်ကွင်းရွာမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်ကြုံနေရပုံကို ရွာသားတဦးက ခုလို ပြောပါတယ်။

“၅ ပေ၊ ၆ ပေလောက်တော့ ရှိမယ်။ တချို့နေရာလည်း ၈ ပေ၊ ၉ ပေ ရှိတယ်။ အိမ်တွေထားခဲ့ပြီးတော့ ကုန်းမြင့်တဲ့နေရာတွေမှာ ကျနော်တို့ တက်နေရတယ်။ ကျွဲတွေ၊ နွားတွေလည်း အနောက်ကုန်းလေးမှာ ထိုးထားပြီးတော့ နေနေရတယ်။ ကြံပင်တွေလည်း ပျက်စီး ဆုံးရှုံးနေတယ်။ လယ်လည်းစိုက်တယ်။ ကြံလည်းစိုက်တယ်။ လေးငါးဧကစိုက်တာ တဧကလောက်ပဲ ကျန်တယ်။ စိုက်ပြီးတာနဲ့ ရေနစ်တာ။ လိုတာတော့ စားဖို့သောက်ဖို့ပဲ။ အစာငတ် ရေငတ်ဖြစ်နေတယ်။ တလလောက်တော့ စားစရာရှိသေးတယ်။”

ဒါ့အပြင် ကလေးငယ်တွေလည်း အာဟာရဓာတ်ချို့တက်ပြီး ဖျားနာမှုကြောင့် သေဆုံးနေသလို ကျွဲ၊ နွားတိရစ္ဆာန်တွေလည်း ရေကြီးမှုကြောင့် ဖျားနာသေဆုံးမှုတွေ ရှိတယ်လို့ သူက ပြောပါတယ်။

လူပေါင်း တသောင်းဝန်းကျင်လောက် ရေဘေးအကူအညီ လိုအပ်နေတဲ့အပြင် အချိန်ကာလအားဖြင့် နှစ်လကျော်ကြာလာတာကြောင့် အလှူရှင်တွေက တတ်အားသရွေ့ လှူဒါန်းနေပေမယ့် အကူအညီ လိုအပ်နေတာပါ။

ရေဘေးဒုက္ခရောက်နေတဲ့ အုန်းပင်ကွင်းရွာသားတွေကို အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ (ဘီဂျီ) သွေးကူညီပေးရေးအဖွဲ့က ဒီကနေ့ သွားရောက် ကူညီနေတယ်လို့ အဖွဲ့တာဝန်ခံ ကိုညီညီက ပြောပါတယ်။

“အုန်းပင်ခွဲကျေးရွာမှာ ဆန်နဲ့ အ၀တ်အထည်တွေ လာပြီးလှူတာပါ။ တော်တော်အခက်အခဲတွေ့ရသလို တချို့ရွာသားတွေဆိုရင် စားဖို့တောင် ၂ ရက်၊ ၃ ရက် မရှိဘူး။ စားဝတ်နေရေး အခက်အခဲဖြစ်တဲ့အပြင် စပါးတွေ စိုက်ရတာ အခက်အခဲဖြစ်နေတယ်။”

မြို့တွင်းက ဒုက္ခသည်တွေကို အကူအညီတွေ ရောက်ပေမယ့် မြို့ပြင်က ရေဘေးဒုက္ခသည်တွေကို ကူညီမှု မရှိဘူးလို့ ပြောပါတယ်။

ဒါကြောင့် သူတို့အဖွဲ့အနေနဲ့ ဒီလိုခက်ခဲတဲ့ရွာတွေကို ဆက်ကူဖို့ရှိသလို ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း ကူညီပေးဖို့ စီစဉ်နေတယ်လို့ ကိုညီညီက ပြောပါတယ်။

ထည့်ဝင် လှူဒါန်းလိုသူတွေအနေနဲ့လည်း တယ်လီဖုန်း (09 49328055) ကနေ ဆက်သွယ် လှူဒါန်းကြပါလို့ သူက ဖိတ်ခေါ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013