DVB Logo
Home
မြန်မာသတင်း
မိုင်းနင်းမိသဖြင့် ကချင်ရွာသားနှစ်ဦး ဆေးရုံတင်ထားရ
DVB
·
September 22, 2011
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မိုင်းနင်းမိလို့ ဒေသခံ ဇနီးမောင်နှံနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ် ရှထူးဇွပ်ရွာက  ရွာသားဇနီးမောင်နှံနှစ်ဦးဟာ အခုလ ၂၁ ရက်နေ့ ရွာအနီးက တောင်ကုန်းတခုမှာ  ၀ါးခုတ်ဖို့အသွား မနက် ၁၀ နာရီလောက်မှာ မိုင်းနင်းမိတာလို့ အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ ကိုယ်စား ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“ကက်သလစ် ဆုတောင်းတောင်နားမှာ ဗူးစင်ဆောက်ဖို့အတွက် လင်မယား ၂ ယောက် ၀ါးသွားခုတ်ကြတယ်။ အဲဒီမရောက်ခင် ရွားစပ်နားမှာပဲ စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ မိန်းမက ခြေထောက်တဖက်ပါသွားတယ်။ တယောက်က ခြေသလုံးအသားတွေ ပါသွားတယ်။ ယောက်ကျားလုပ်တဲ့လူက မျက်နှာတွေထိသွားတယ်။ မနေ့က မြစ်ကြီးနားဆေးရုံကို ပြန်ပို့ဖို့လုပ်နေတယ်။”

မိုင်းနင်းမိသူတွေကတော့ အသက် ၂၄ နှစ်အရွယ် မဂျာငိုင်းနဲ့ ခင်ပွန်းသည် ဂျာဂမ်ဖြစ်ပြီး သူတို့ကို ကာမိုင်းဆေးရုံကနေ မြစ်ကြီးနားဆေးရုံကို ပို့ဆောင် ကုသနေရပြီး စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဟိုတလောက ရပ်ကွက်မှူးက အဲဒီနားကိုမသွားဖို့ ပြောခိုင်းထားတယ်။ ကချင်စစ်တပ်တွေတော့ မပါပါဘူး။ သူတို့ကပဲ ရွာသားတွေကို နစ်နာစေချင်လို့ လုပ်တဲ့သဘောလည်းပါမှာပေါ့။ ဒါမှမဟုတ် ကေအိုင်အေ ရောက်လာမှာကို ကြောက်လို့လည်း ဖြစ်နိုင်တယ်။”

အဲဒီရွာမှာ တပ်မတော်ခလရ ၂၉၇ ရှိနေပြီး ကချင်လွတ်လပ်ရေးအဖွဲ့တွေ အရောက်အပေါက် မရှိတာကြောင့် အစိုးရတပ်ဘက်က ထောင်တဲ့မိုင်းလို့ ရွာသားတွေက ခန့်မှန်းနေကြပါတယ်။

အဆိုပါနေရာကို မသွားဖို့ အစိုးရတပ်ကနေ တဆင့် ရွာသူကြီးကိုပြောခိုင်းထားပေမယ့် သေသေချာချာ ပြောဆိုဟန့်တာတွေမရှိဘူးလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013