Home အာရှဒေသ အင်ဒိုနီးရှား၌ အစုအပြုံလိုက် သတ်ဖြတ်ခဲ့မှု ဒတ်ခ်ျအစိုးရမှာ တာဝန်ရှိ
အင်ဒိုနီးရှား၌ အစုအပြုံလိုက် သတ်ဖြတ်ခဲ့မှု ဒတ်ခ်ျအစိုးရမှာ တာဝန်ရှိ
indonesia_dutch_verdict_web_110917 ၁၉၄၇ ခုနှစ်က အင်ဒိုနီးရှား ကျေးရွာတရွာမှာ ဒတ်ခ်ျစစ်သားတွေက လူတွေအစုအပြုံလိုက် သတ်ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ဒတ်ခ်ျအစိုးရမှာ တာဝန်ရှိတယ်လို့ နယ်သာလန် တရား ရုံးတရုံးက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အင်ဒိုနီးရှားလွတ်လပ်ရေး ကြိုးပမ်းသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် ကျန်ရစ်သူ မိသားစု ဆွေမျိုးတွေကို လျော် ကြေးပေးရမယ်လို့ တရားရုံးက ပြောပါတယ်။
ဂျကာတာမြို့အရှေ့ဘက်က ရွာတရွာမှာ ယောကျာ်းအားလုံးနီးပါးကို ဒတ်ခ်ျစစ် သားတွေက ပစ်သတ်ခဲ့တာပါ။ လူ ၁၅၀ သေဆုံးခဲ့တယ်လို့ ဒတ်ခ်ျအာဏာပိုင်တွေက ဝန်ခံ ပေမယ့် အသတ်ခံရသူတွေရဲ့ မိသားစုတွေကတော့ လူ ၄၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဒီအမှုမှာ တရားစွဲထားတဲ့ မုဆိုးမ ၉ ဦးအနက် တရားရုံးဆုံးဖြတ်ချက်ကို စောင့်ရင်း ၃ ဦးကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ကြားနာဖို့ စောင့်နေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အေရှားကောလင်း သတင်းထောက် `အက်စ်သာ ဒီ ဂျောင်း´ Esther de Jong က တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားပါ တယ်။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။)
ဆက်စပ်သတင်းများ