ဗီယက်နမ် ဆင်းရဲသားရပ်ကွက်များအတွက် ဈေးချိုသည့် လေအားလျှပ်စစ် (ရုပ်သံ)

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းက ဆင်းရဲသားရပ်ကွက်တွေမှာ ဈေးချိုတဲ့ လေအားလျှပ်စစ် နည်းပညာက သက်ရောက်မှု အကြီးအကျယ် ရနေပါတယ်။ ဟနွိုင်းမြို့ရဲ့ မြစ်နီမြစ်ကမ်းတလျှောက်က ရေပေါ်ရွာတွေမှာ လျှပ်စစ်မီးက အဓိကပါ။ အိမ်အများအပြားက လျှပ်စစ်ဓာတ်အားပေးရုံတွေနဲ့ အင်မတန် ဝေးပါတယ်။ နီးတဲ့နေရာက လူတွေကလည်း လျှပ်စစ်စွမ်းအင်ပမာဏ နည်းနည်းပဲသုံးဖို့ တတ်နိုင်ကြတာပါ။ ခုတော့ အနီရောင် ပလတ်စတစ်ခွက်လေးတွေကို သုံးထားတဲ့ လျှပ်စစ်ဓာတ်အားထုတ်စက်တွေက ဒေသခံတွေရဲ့ ဘဝအရည်အသွေးကို တိုးပေးလိုက်ပါပြီ။ သန့်ရှင်းတဲ့စွမ်းအင်ကို ထုတ်ပေးရုံသာမက ဝင်ငွေနည်း မိသားစုရဲ့ ကုန်ကျစရိတ် အဆင့် ၃ ကို ရောက်နေတဲ့ ဓာတ်အားခကို လျှော့ချပေးလိုက်ပါပြီ။ လေအားလျှပ်စစ် ဓာတ်အားပေးစက်ကို တီထွင်သူနဲ့ ဗိသုကာပညာရှင် လယ်ဗူကွန်းရဲ့ လေအားလျှပ်စစ် ဓာတ်အားပေး ကိရိယာဟာ တစက္ကန့်ကို ၀ ဒသမ ၄ မီတာထိနိမ့်တဲ့  လေတိုက်နှုန်းမှာ အလုပ်ဖြစ်ပြီး ဈေးချိုတဲ့၊ အစားထိုးရလွယ်တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ လျှပ်စစ်ဓာတ်အားကို မော်တော်ဆိုင်ကယ် ဘက်ထရီဟောင်းနဲ့ သွင်းပြီး ၄၅ ဝပ် မီးသီးနဲ့ ညီမျှတဲ့ မီးချောင်းတွေနဲ့ မီးထွန်းနိုင်ပါတယ်။ လျှပ်စစ်ဓာတ်အားထွက်နှုန်း နည်းပေမယ့် ဒေသခံတွေအတွက် ကြီးမားတဲ့ ခြားနားချက်ကို စွမ်းဆောင်နိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နေအားနဲ့ လေအားလျှပ်စစ်ကို ၁၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နေတာပါ။ အရာရှိတွေကတော့ ထုတ်လုပ်နိုင်စွမ်းက အဆငါးရာကျော် ရှိတယ်လို့ ပြောပါတယ်။ တီထွင်သူ ကွန်းကတော့ ဝင်ငွေနည်း မိသားစုတွေရဲ့ ဘဝကို ပိုပြီး အလင်းရောင်ပေးဖို့ ဘဏ္ဍာရေး အလှူရှင်တွေကို လောလောဆယ် ရှာဖွေနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up