DVB Logo
Home
မြန်မာသတင်း
ဝ ​ဒေသသို့​ အစိုး​ရဝန်ထမ်း​များ​ ပြန်​ရောက်​ရေး​ ​ဆွေး​နွေး​နေပြီ
DVB
·
September 21, 2011
ဝ ​ဒေသသို့​ အစိုး​ရဝန်ထမ်း​များ​ ပြန်​ရောက်​ရေး​ ​ဆွေး​နွေး​နေပြီ
Donate to DVB

ဝတပ်ဖွဲ့​နဲ့​ အစိုး​ရစစ်တပ်အကြား​ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ရေး​ကိစ္စ အ​ခြေအ​နေ တင်း​မာမှု​ကြောင့်​ ၀ ထိန်း​ချုပ်နယ်​မြေထဲက​နေ တနှစ်​ကျော် ဌာ​နေပြန်သွား​ခဲ့​ရတဲ့​ အစိုး​ရ ဝန်ထမ်း​တွေ မကြာမီ ပြန်​ရောက်လာ​တော့​မယ်လို့​ ဝအဖွဲ့​တာဝန်ရှိက ​ပြောကြား​ပါတယ်။

အစိုး​ရဘက်က ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီဥက္ကဋ္ဌ ဦး​သိန်း​ ​ဇော်နဲ့​ ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​တပ်မ​တော် (ယူဒဗလျူအက်စ်​အေ) ဘက်က ကိုယ် စား​လှယ်​တွေ ကျိုင်း​တုံမြို့​မှာ ဒီလ ၆ ရက်တုန်း​က ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆွေး​နွေး​ပြီး​နောက် သ​ဘောတူညီချက်​တွေထဲမှာ ဝန်ထမ်း​တွေပြန်လာ​ရေး​လည်း​ ပါဝင်တယ်လို့​ ယူဒဗလျူ အက်စ်​အေ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​အောင်မြင့်​က ​ပြောပါတယ်။

နှစ်ဘက်သ​ဘောတူချက်ထဲမှာ နှစ်ဘက်ပစ်ခတ်မှု မရှိဖို့​၊​ ဆက်ဆံ​ရေး​ရုံး​တွေ ပြန်ဖွင့်​ဖို့​၊​ နယ်​မြေဖွံ့​ဖြိုး​ရေး​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​တို့​ ပါဝင်ပြီး​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​ စတဲ့​ဝန်ထမ်း​တွေ ပြန်လာဖို့​ကိစ္စကို​တော့​ အစိုး​ရဘက်နဲ့​ ​နောက်တကြိမ် ထပ်မံ​တွေ့​ဆုံရင် ဆက်ပြီး​ဆွေး​နွေး​သွား​မယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

“မူအား​ဖြင့်​ သ​ဘောတူထား​ကြတာ၊​ နဂိုအတိုင်း​ ဆက်သွယ်​ရေး​တွေ၊​ စီး​ပွား​ကုန် သွယ် အတက်အဆင်း​တွေ၊​ ပြည်သူလူထုအတက်အဆင်း​တွေ၊​ အသွား​အလာ​တွေ အား​လုံး​ကို ငြိမ်း​ချမ်း​ရေး​ယူထား​တဲ့​ နှစ် ၂၀ အတွင်း​ မူလအတိုင်း​ပြန်ဖြစ်​အောင် ​ဆွေး​နွေး​ ထား​ပြီး​သား​ပါ။ ဒုတိယအကြိမ်​ဆွေး​နွေး​ပြီး​တော့​မှ လာမှာပါ။ ရက်ချိန်း​သတ်မှတ်မှု မရှိ​သေး​ပါဘူး​။”

အထူး​ဒေသ ၂ လို့​ ​ခေါ်တဲ့​ ၀ ​ဒေသ ဟိုပန်၊​ မိုင်း​မော၊​ ပန်ဝိုင်၊​ နား​ဖန်း​၊​ မက်မန်း​၊​ ပန်ဆန်း​ စတဲ့​မြို့​နယ်​တွေမှာ အစိုး​ရရဲ့​ နတလ (နယ်စပ်​ဒေသတိုင်း​ရင်း​သား​လူမျိုး​များ​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဝန်ကြီး​ဌာန) က ​စေလွှတ်တဲ့​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​၊​ သစ်​တော၊​ တိရစ္ဆာန်​မွေး​မြူ​ရေး​နဲ့​ ​ဆေး​ကုသ​ရေး​ဝန်ထမ်း​တွေ စုစု​ပေါင်း​ ၁၀၀ ​ကျော် ရှိခဲ့​ပါတယ်။

အစိုး​ရက ကမ်း​လှမ်း​တဲ့​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို ၀ အဖွဲ့​က လက်မခံတဲ့​အတွက် နှစ်ဘက် အ​ခြေအ​နေတင်း​မာပြီး​နောက် ဝန်ထမ်း​တွေကို အစိုး​ရက မနှစ်က ဧပြီလမှာ ပြန်လည်​ခေါ်​ဆောင်သွား​ပါတယ်။ အစိုး​ရဝန်ထမ်း​မဟုတ်တဲ့​ အန်ဂျီအို ​တွေလည်း​ ပြန်သွား​ခဲ့​ပါတယ်။

ဝန်ထမ်း​တွေ ပြန်လာနိုင်ရင်​တော့​ ​ဒေသဖွံ့​ဖြိုး​ရေး​ ပိုမိုလုပ်​ဆောင်နိုင်မယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

“လာရင်​တော့​ ပို​ကောင်း​မှာ​ပေါ့​။ လာဖို့​တော့​ ​မျှော်လင့်​ပါတယ်။ ​ဆေး​ရုံက ဆရာမ၊​ ဆရာဝန်​တွေ၊​ ​ကျောင်း​ဆရာမ​တွေ၊​ ​ကျောင်း​ဆရာ​တွေ​ပေါ့​။”

စစ်သည်အင်အား​ ၃၀,၀၀၀ ​လောက်ရှိတဲ့​ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ ပန်ဆန်း​အ​ခြေစိုက် ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ပါတီဟာ အစိုး​ရနဲ့​ ၁၉၈၉ ခုနှစ်က အပစ်ခတ်ရပ်ဖို့​ သ​ဘောတူခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013