DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ဆု​တောင်း​ပွဲများ​ ပြုလုပ်
DVB
·
September 21, 2011
ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ဆု​တောင်း​ပွဲများ​ ပြုလုပ်
Donate to DVB

မြန်မာနိုင်ငံမှာ ငြိမ်း​ချမ်း​ရေး​ အမြန်ရရှိဖို့​ရည်စူး​ပြီး​ ဒီ​နေ့​ကျ​ရောက်တဲ့​ ၁၀ နှစ် ​မြောက် အပြည်ပြည်ဆိုင်ရာငြိမ်း​ချမ်း​ရေး​နေ့​မှာ မြန်မာပြည်တွင်း​နဲ့​ နယ်စပ်​ဒေ သ​တွေမှာ ဆု​တောင်း​ပွဲ​တွေ ပြုလုပ်ကြပါတယ်။

တရုတ်နိုင်ငံ လာရင်း​မြို့​မှာခိုလှုံ​နေတဲ့​ ကချင်စစ်​ပြေး​ဒုက္ခသည်​တွေစုပြီး​ အပြည်ပြည်ဆိုင်ရာငြိမ်း​ချမ်း​ရေး​နေ့​ အထိမ်း​အမှတ် ဆု​တောင်း​ပွဲ ကျင်း​ပကြတယ်လို့​ ဆု​တောင်း​ပွဲကို ဦး​ဆောင်ပါဝင်သူတဦး​ဖြစ်တဲ့​ ကချင်အမျိုး​သမီး​ မမိုင်ဂျာက ​ပြောပါတယ်။

[caption id="attachment_15770" align="alignright" width="310" caption="ကရင်နီဒေသတွင်ပြုလုပ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဆု​တောင်းပွဲ"][/caption]

“ငြိမ်း​ချမ်း​ရေး​ကို လိုချင်ကြတာ​ပေါ့​။ အား​လုံး​က စစ်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​နေရတယ်။ နိုင်ငံမငြိမ်း​ချမ်း​တာကလည်း​ ကိုယ့်​မိသား​စုထဲက​နေ အရင်း​ခံပြီး​ ဖြစ်လာတာ​ကြောင့်​ ကိုယ့်​မိသား​စုမှာ ငြိမ်း​ချမ်း​ဖို့​၊​ ကိုယ့်​ရပ်ရွာအသိုင်း​အဝိုင်း​ကော၊​ ကိုယ့်​နိုင်ငံ​ကော ကမ္ဘာကြီး​တခုလုံး​ကော ငြိမ်း​ချမ်း​ဖို့​အတွက် ရည်စူး​ပြီး​တော့​ ဆု​တောင်း​ကြတယ်။”

ဒီစစ်​ပြေး​ဒုက္ခသည်​တွေဟာ လွန်ခဲ့​တဲ့​သုံး​လကစပြီး​ ကချင်ပြည်နယ် လွယ်ဂျယ်နဲ့​ မျက်နှာချင်း​ဆိုင် တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်​ကျော် ခိုလှုံ​နေကြတာဖြစ်ပြီး​ ​နေ​ရေး​စား​ရေး​ အခက်ကြုံ​နေကြတယ်လို့​လည်း​ ​ပြောပါတယ်။

“​နေရာထိုင်ခင်း​တွေလည်း​ အစစ်​ဆေး​အရမ်း​ဖြစ်လာတယ်။ တရုတ်ပြည်တွင်း​မှာဆိုရင်လည်း​ မုံညင်း​ပင်တပင်​တောင် စိုက်လို့​မရဘူး​။ မြက်တပင်လည်း​ နှုတ်လို့​မရဘူး​။ အရမ်း​ဒုက္ခ​ရောက်​နေကြတယ်။ ကျမတို့​တိုင်း​ရင်း​သား​တွေ ​တောင်း​ဆိုထား​တဲ့​ ငြိမ်း​ချမ်း​ရေး​ကို အစိုး​ရအ​နေနဲ့​လည်း​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​၊​ ​အေး​ချမ်း​တဲ့​ငြိမ်း​ချမ်း​ရေး​ဖြစ်ဖို့​ စဉ်း​စား​ ​ဆွေး​နွေး​ပေး​ရင်​တော့​ ကျမတို့​ ကိုယ့်​နေအိမ်​တွေလည်း​ ပြန်နိုင်မှာပါပဲ။”

ကချင်စစ်​ပြေး​ဒုက္ခသည်​တွေဟာ လက်ရှိ ရာသီဥတု​အေး​မှုနဲ့​ အစား​အ​သောက်မလုံ​လောက်မှု​ကြောင့်​ နှာ​စေး​ချောင်း​ဆိုး​ရောဂါ​တွေ ဖြစ်​နေကြသလို က​လေး​ငယ်​တွေ အာဟာရချို့​တဲ့​နေကြတယ်လို့​လည်း​ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​ ဆု​တောင်း​ပွဲကို ရန်ကုန်တိုင်း​ အင်း​စိန်မြို့​နယ် အ​ရှေ့​ကြို့​ကုန်း​မှာလည်း​ ကျင်း​ပရာမှာ ငြိမ်း​ချမ်း​ရေး​နေ့​ ဖြစ်​ပေါ်လာပုံအ​ကြောင်း​ ​ဟော​ပြောပြီး​ ငြိမ်း​ချမ်း​ရေး​နဲ့​ပတ် သက်လို့​ ​ဒေါ်​ဆောင်ဆန်း​စုကြည်ရဲ့​ ​ပြောကြား​ချက်​တွေကို ဖွင့်​လှစ်သွား​ပါတယ်။

ဒါ့​အပြင် တက်​ရောက်လာသူအများ​စုဖြစ်တဲ့​ လူငယ်​တွေက လက်ရှိနိုင်ငံ​ရေး​နဲ့​ပတ်သက်ပြီး​ ​ဆွေး​နွေး​ကြတယ်လို့​ ဦး​ဆောင်ကျင်း​ပသူ မ​အေမီ​အောင်က ​ပြောပါတယ်။

“အစိုး​ရသစ်လက်ထက်မှာ ကျမတို့​ရဲ့​ မြန်မာနိုင်ငံဟာ စစ်ပွဲ​တွေက အရင်ကထက် ပိုပြီး​တော့​ဖြစ်လာတာ​တွေ့​ရတယ်။ ငြိမ်း​ချမ်း​ရေး​ကို သိပ်ပြီး​တော့​ ​ဖော်​ဆောင်တာ သိပ်မရှိဘူး​။ အခုလက်ရှိဖြစ်​နေတဲ့​ ကချင်လက်နက်ကိုင်အဖွဲ့​နဲ့​ အစိုး​ရအဖွဲ့​ဆိုရင် အမျိုး​မျိုး​ သူတို့​ကြိုး​စား​၊​ ​ဆွေး​နွေး​တယ်။ ဒါ​ပေမယ့်​လည်း​ ဘယ်လိုမှကို မ​အောင်မြင်ဘူး​။ ဒါကိုကြည့်​ချင်း​အား​ဖြင့်​ ကျမတို့​မြန်မာပြည်မှာ ငြိမ်း​ချမ်း​ရေး​သဏ္ဍန်အလား​အလာကို ကျမတို့​အ​နေနဲ့​ ​ဆွေး​နွေး​ချင်တာ​ကြောင့်​ ​ခေါ်လိုက်ခြင်း​ဖြစ်တယ်။”

ရန်ကုန်တိုင်း​ အလုံမြို့​မှာလည်း​ ငြိမ်း​ချမ်း​ရေး​နေ့​အခမ်း​အနား​ ကျင်း​ပရာမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒု-ဥက္ကဌ ဦး​တင်ဦး​အပါအဝင် လူဦး​ရေ ၃၀၀ ​လောက် တက်​ရောက်ပြီး​ ငြိမ်း​ချမ်း​ရေး​အထိမ်း​အမှတ် ချိုး​ငှက်လွှတ်ကြပါတယ်။

ဒီအခမ်း​အနား​မှာ ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ကန့်​ကွက်တဲ့​လှုပ်ရှား​မှု​တွေလည်း​ လုပ်​ဆောင်ကြတယ်လို့​ အလုံမြို့​နယ် အဖွဲ့​ချုပ် လူငယ်တာဝန်ခံ ကိုလူ​မော်လတ်က ​ပြောပါတယ်။

ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်မြို့​က မြန်မာအဖွဲ့​အစည်း​တွေက​တော့​ ငြိမ်း​ချမ်း​ရေး​နေ့​ အခမ်း​အနား​ ကျင်း​ပဖို့​စီစဉ်​ပေမယ့်​ ထိုင်း​အာဏာပိုင်​တွေက ခွင့်​မပြုလို့​ အခမ်း​အနား​ကျင်း​ပခွင့်​ မရကြပါဘူး​။

ထိုင်း​အ​ခြေစိုက် အမျိုး​သမီး​များ​အဖွဲ့​ချုပ်(မြန်မာနိုင်ငံ)က ဒီ​နေ့​ထုတ်တဲ့​ နိုင်ငံတကာငြိမ်း​ချမ်း​ရေး​နေ့​ ​ကြေညာချက်မှာ​တော့​ “တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲပြီး​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ အမြန်ဆုံး​ အ​ကောင်အထည်​ဖော်ဖို့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ခြွင်း​ချက်မရှိလွှတ်ဖို့​ အပါအဝင် အချက် ၆ ချက်ကို” ​တောင်း​ဆိုထား​ပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ကလည်း​ ဒီ​နေ့​ အပြည်ပြည်ဆိုင်ရာငြိမ်း​ချမ်း​ရေး​နေ့​မှာ တရက်တာ အပစ်အခတ်ရပ်စဲဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​ အစိုး​ရကို​တောင်း​ဆိုပါတယ်။

ကမ္ဘာ့​ကုလသမဂ္ဂက နိုင်ငံတခုချင်း​စီ ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​တို့​ကတဆင့်​ ​ဒေသတွင်း​လုံခြုံ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​၊​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​တိုအတွက် ရည်စူး​ပြီး​ စက်တင်ဘာ ၂၁ ရက်ကို နိုင်ငံတကာငြိမ်း​ချမ်း​ရေး​နေ့​အဖြစ် ၂၀၀၁ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့​ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013