ကွမ်းခြံကုန်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၁ ဦး သေဆုံး
DVB
·
July 3, 2016
ဧရာတီတိုင်း ဘိုကလေးမြို့ကနေ ရန်ကုန် တဖက်ကမ်း ဒလကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တစီး ကွမ်းခြံကုန်းမြို့နယ်မှာ တိမ်းမှောက်ခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နိုင်အောင်ကျော် ခရီးသည်တင်လိုင်းကားဟာ ဇူလိုင် ၂ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာနားမှာ ရှေ့ဘီးပေါက်ပြီး ထန်းပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့ပါတယ်။
ဒီယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ယဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူတွေကို ဒေးဒရဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်နဲ့ ကွမ်းခြံကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
ဓာတ်ပုံ - မျိုးမျိုးထွန်း