A d v e r t i s e m e n t With Us

ဖူကူရှီး​မား​ ဖြစ်ရပ်အပြီး​ နျူကလီး​ယား​ကို စိုး​ရိမ်ထိတ်လန့်​မှုများ​လာ

ဖူကူရှီး​မား​နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖို ​ဘေး​အန္တရာယ်ဆိုး​ ကြုံ​တွေ့​ရပြီး​နောက် ၆ လ ကြာ မြင့်​လာချိန်မှာ ဂျပန်လူထုဟာ သူတို့​နိုင်ငံမှာ နျူကလီး​ယား​စွမ်း​အင် အသုံး​ပြုမှု ရပ်ဖို့​ ​တောင်း​ဆိုမှု​တွေ များ​လာပါတယ်။ ဓာတ်​ပေါင်း​ဖို​တွေရှိတဲ့​ မြို့​ကြီး​တွေမှာ ဖူကူရှီး​မား​ ဖြစ်ရပ်မျိုး​ ထပ်ပြီး​ဖြစ်လာမှာကို စိုး​ရိမ်​ကြောက်လန့်​နေကြပါတယ်။ စိုး​ရိမ်မှု အများ​ဆုံး​ဖြစ် ​နေတာက​တော့​ ‘ဟန်မိုဝါကာ´ ဓာတ်​ပေါင်း​ဖိုရှိတဲ့​ မြို့​ကဖြစ်ပါတယ်။ ဟန်မိုဝါကာ ဓာတ်​ပေါင်း​ဖိုဟာ သက်တမ်း​ နှစ် ၄၀ နီး​ပါး​ရှိပြီး​ ပစိဖိတ်ကမ်း​ခြေ ငလျင်ပြတ်​ရွေ့​ကျော တည့်​တည့်​မှာ တည်​ဆောက်ထား​တာလည်း​ ဖြစ်ပါတယ်။ ဂျပန်အစိုး​ ရကလည်း​ အဲ့​ဒီဓာတ်​ပေါင်း​ဖိုနား​မှာ ငလျင်လှုပ်မှာကို စိုး​ရိမ်တာ​ကြောင့်​ ဓာတ်​ပေါင်း​ဖို အ​အေး​ဓာတ်​ပေး​ပြီး​ ပိတ်ပစ်ဖို့​ အမိန့်​ပေး​ထား​ပါတယ်။ ဩစ​တြေး​လျ​ရေဒီယိုက သတင်း​ ​ထောက် `မာ့​ခ် ဝီလ်လစီ´ ကသတင်း​ပေး​ပို့​ထား​တာပါ။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာကို အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။)

A d v e r t i s e m e n t With Us

More News
Up