Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် နွားများ တရားမ၀င်တင်ဆောင်လာသည့်ကား ဖမ်းမိ
DVB
·
July 1, 2016
13508825_1799248750361482_3357671287851685741_n
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာမြို့နယ်မှာ နွားတွေကို တရားမဝင်ခိုးယူရောင်းချဖို့ သယ်ဆောင်လာတဲ့ ကားတစီးကို ဇူလိုင် ၁ ရက် မနက် ၂ နာရီအချိန်လောက်မှာ ယင်းမာပင်ရဲစခန်းက ဖမ်းဆီးရရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ယင်းမာပင်မြို့မှာ နေထိုင်တဲ့ ဦးတင်လင်းနဲ့ ဦးဝင်းကြိုင်တို့ဟာ နွားတွေကို တရားမဝင်ရောင်းချဖို့ ကားတစီးနဲ့ တင်ဆောင်လာတယ်လို့ သတင်းအရ ယာကြီး-ကလေးဝ ကားလမ်းရှိ ဘန့်ဘွေးတိုးဂိတ်အနီးမှာ စောင့်ဆိုင်းဖမ်းစီးရမိခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။ ဖမ်းစီးရမိခဲ့တဲ့ နွားတွေဟာ အကြီးသေး အရွယ်စားမျိုးစုံဖြစ်ပြီး အကောင်အရေတွက် ၂၁ ကောင်ဖြစ်တယ်လို့ ဆိုပါတယ်။ နွားတွေကို တရားမဝင်ရောင်းဖို့ ၆ ဘီးကားနဲ့ တင်ဆောင်လာသူနှစ်ဦးကို (ပ)၉၇ /၂၀၁၆ အရေးကြီးကုန်ပစ္စည်းတင်ဆောင်မှု ပုဒ်မ ၅ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ ယင်းမာပင်ရဲစခန်းက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024