Home
မြန်မာသတင်း
၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူထံမှ စိတ်ကြွဆေးပြား ၈၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
July 1, 2016
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက ပန်းရောင်စိတ်ကြွဆေး ၈၃၉ ပြား သယ်ဆောင်လာတဲ့ အဝေးသင် တက္ကသိုလ်ကျောင်းသူတဦးကို ကလေးခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ “ကျနော်တို့အနေနဲ့ မြို့အထွက် ပိတ်ဆို့စစ်ဆေးတဲ့အခါမှာ လိုင်းပြေးဆွဲတဲ့ ဗင်ကားတစီး ကို ရှောင်တခင်စစ်လိုက်ရာကနေ ကားပေါ်လိုက်လာတဲ့ အမျိုးသမီးကို ဆေးပြားတွေနဲ့အတူ ဖမ်းမိခဲ့တာပါ” လို့ ကလေးခရိုင် မှုခင်းနှိမ်နှင်းရေး ခေါင်းဆောင် ရဲအုပ်သီဟက ပြောပါတယ်။ အဆိုပါ အမျိုးသမီးဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ အဝေးသင်တက်နေတဲ့ ကျောင်းသူတဦးဖြစ်ပြီး ကလေးမြို့ မြို့ဝင် မုခ်ဦးအနီးမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ "ညဘက် မြို့ပြင်မှာ မူးယစ်တပ်ဖွဲ့စုနဲ့အတူ ရှောင်တခင်စစ်ဆေးနေတုန်း တမူးလိုင်းကားပေါ် ပါလာတဲ့ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ အဝေးသင်တက္ကသိုလ်တက် နေတဲ့ ကျောင်းသူတဦးကို မသင်္ကာလို့ ကလေးမြို့မရဲ စခန်းကို ခေါ်ယူပြီး အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကို ရှာဖွေစစ်ဆေးရာခိုင်တာ အဲ့ဒီအမျိုးသမီးမှာ တစ်ဘက်က 88၊ တစ်ဘက်က 1 တံဆိပ်ပါ ပန်းရောင် စိတ်ကြွဆေးပြားတွေ တွေ့ခဲ့တာ” လို့လည်း ရဲအုပ်သီဟက ဆက်ပြောပါတယ်။ ဆေးပြားတွေ သယ်ဆောင်လာတဲ့ အမျိုးသမီးအနေနဲ့ ဆေးပြားတွေကို တမူးမြို့၊ စော်ဘွား ၇ ရပ်ကွက်နေ အဒေါ်ဖြစ်သူက ပခုက္ကူမြို့နေသူထံ အခကြေးငွေနဲ့ သွား ရောက်ပို့ဆောင်ခိုင်းကြောင်း ထွက်ဆိုတာကြောင့် အဒေါ်ဖြစ်သူကို သွားရောက်စုံစမ်းရာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ရဲအုပ်က ပြောပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်သူ၊ ပို့ခိုင်းသူ အဒေါ်နဲ့ လက်ခံမယ့် ပခုက္ကူမှ အမျိုးသားတို့ကို ကလေးမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလည်းစေတတ်သော ဆေးဝါးများ ဆိုင်ရာ ပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024