A d v e r t i s e m e n t With Us

မြစ်ဆုံစီမံကိန်း​ရပ်ရန် အ​မေရိကန်​ရောက်မြန်မာများ​က တရုတ်ကို​တောင်း​ဆို

ဧရာဝတီ မြစ်ဆုံစီမံကိန်း​ကို ရပ်ဖို့​ အ​မေရိကန်ပြည်​ထောင်စု ဆန်ဖရန်စစ္စကိုမှာ အ​ခြေချ​နေတဲ့​ မြန်မာနိုင်ငံသား​တွေက တရုတ်​ကောင်စစ်ဝန်ရုံး​ရှေ့​မှာ မ​နေ့​က ဆန္ဒပြ ​တောင်း​ဆိုကြပါတယ်။ ဆန္ဒပြ​ဟော​ပြောပွဲမှာ ပါဝင်တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ကိုခင်​မောင်ဝင်း​က “ကျ​နော်တို့​က ဒီဆည်ကို အမြန်ဆုံး​ပြန်ပြီး​ ရပ်ဆိုင်း​ပေး​ဖို့​၊​ ဒီဆည်ကို မရပ်ဆိုင်း​ရင် ကျ​နော်တို့​ တိုင်း​ပြည်နဲ့​လူမျိုး​ ​ပျောက်သွား​နိုင်တယ်လို့​ ဒီမှာလာတဲ့​ တရုတ်သံရုံး​က ဝန်ထမ်း​တွေ၊​ နိုင်ငံခြား​သား​တွေကို အဓိကထား​ ကန်ပိန်း​လုပ်ပြီး​ စည်း​ရုံး​တာ​ပေါ့​”လို့​ ​ပြောပါတယ်။ “မြစ်ဆုံဆည် ရပ်တန့်​ရေး​က ကျ​နော်တို့​ နိုင်ငံအတွက် ဘယ်​လောက် အ​ရေး​ကြီး​တယ်၊​ ကျ​နော်တို့​တိုင်း​ပြည်အတွက် ဘယ်​လောက်အ​ရေး​ကြီး​တယ်၊​ ကျ​နော်တို့​ လူမျိုး​အတွက် ဘယ်​လောက်အ​ရေး​ကြီး​တယ်၊​ အဲဒါ ကျ​နော်တို့​အား​လုံး​ ​ဟော​ပြောစည်း​ရုံး​ကြတယ်။” မြစ်ဆုံစီမံကိန်း​ကို ရပ်ဖို့​ သူတို့​တောင်း​ဆိုချက်ကို တရုတ်​ကောင်စစ်ဝန်ရုံး​ကို စာပို့​ထား​ပြီး​ အ​ကြောင်း​ပြန်ကြား​တာ မရှိဘူး​လို့​ ဆိုပါတယ်။ ဒီဆန္ဒပြပွဲမှာ မြန်မာပြည်ဖွား​တိုင်း​ရင်း​သား​ ငါး​ဆယ်ခန့်​ ပါဝင်ခဲ့​ပြီး​ ဆည်​ဆောက်လုပ်မှု ရပ်တန့်​ရေး​ ​ဟော​ပြောခဲ့​ကြပါတယ်။ သူတို့​ဟော​ပြောချက်​တွေထဲမှာ အဓိကအား​ဖြင့်​ ဒီဆည်ကြီး​ဆောက်လုပ်တဲ့​အတွက် ဧရာဝတီမြစ်ကြီး​ ပျက်စီး​မယ့်​အ​ကြောင်း​နဲ့​ ​နောက်ဆက်တွဲ တိုင်း​ပြည်နဲ့​လူမျိုး​ပါ ​ပျောက်ဆုံး​သွား​နိုင်တဲ့​အ​ကြောင်း​၊​ ဧရာဝတီမြစ်နဲ့​ပတ်သက်ပြီး​ တနိုင်ငံလုံး​ကို ထမင်း​ကျွေး​နေတဲ့​ ဧရာဝတီမြစ်ဝကျွန်း​ပေါ်​ဒေသက လယ်သမား​တွေအား​လုံး​ ဒုက္ခ​ရောက်ကုန်မယ့်​အ​ကြောင်း​၊​ ဆန်​ရေစပါး​ရှား​ပါး​မယ်ဆိုတဲ့​အ​ကြောင်း​တွေ ​ဟော​ပြောခဲ့​ကြတယ်လို့​ ဆိုပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း​ကြောင့်​ ဧရာဝတီမြစ် ပျက်စီး​ယိုယွင်း​ပြီး​ အနာဂတ်အတွက် အလား​အလာမ​ကောင်း​ဘူး​လို့​ ပညာရှင်​တွေက ​ထောက်ပြ ကန့်​ကွက်​နေကြပြီး​ အစိုး​ရဘက်ကလည်း​ စီမံကိန်း​ကို ဆက်လက် အ​ကောင်အထည် ​ဖော်ဖို့​ ပြင်ဆင်​နေဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up