DVB Logo
Home
မြန်မာသတင်း
မောင်းနှင်ထွက်ပြေးသည့် တရားမဝင်သစ်ကားကို ပစ်ခတ်ဖမ်းဆီး
DVB
·
June 30, 2016
မောင်းနှင်ထွက်ပြေးသည့် တရားမဝင်သစ်ကားကို ပစ်ခတ်ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်း တရားမ၀င်သစ်ကားတွေကို ရဲက တားဆီးရာမှာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ဖဒိုနယ်မြေရဲစခန်းအပိုင် မြို့ချောင်းကျေးရွာ သစ်တောစစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက် ၂ နာရီ ၁၅ မိနစ်လောက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်ခင်နဲ့ သစ်တောရဲတပ်ဖွဲ့က ဒုရဲအုပ်ဝင်းကို ဦးစီးတဲ့ အင်အား ၂၀ လောက် တာဝန်ထမ်းဆောင်နေစဉ်မှာ တရားမ၀င်သစ်ကား ၄ စီးနဲ့ လူ ၂၀ လောက် စုဝေးရောက်လာပြီး စစ်ဆေးရေးဂိတ်မောင်းတံကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

တားမြစ်တဲ့အကြားက ကားတစီးဟာ အတင်းမောင်းဝင်လာပြီး ဂိတ်ကသံဆူးကြိုးတွေကို တိုးတိုက်မောင်းနှင်ခဲ့လို့ ဘီးပေါက်ပြီး ဆက်လက်မောင်းပြေးတယ်လို့ ဆိုပါတယ်။ ရဲက သေနတ် ၇ ချက် မိုးပေါ်ထောင်ဖောက်ပေမယ့် ကားကိုမောင်းပြေးတာကြောင်း နောက်ဘီးကို ပစ်ဖောက်ရပ်တန့်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီကားနဲ့အတူ နောက်ကလိုက်ပါလာတဲ့ ဟိုက်ဂျက်အမျိုးအစားကားကိုလည်း တရားမ၀င်သစ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထွက်ပြေးသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ကျန်နှစ်စီးနဲ့ပတ်သက်လို့ နောက်ဆက်တွဲ မသိရသေးပါဘူး။

သတင်း - ကျော်အောင်၊ ဓာတ်ပုံ - ဖြိုးကိုလင်း (ညောင်ဝိုင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013