DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ ချစ်ကြည်ရေးနှင့် ပူးပေါင်းလုပ်ဆောင်မည်
DVB
·
June 30, 2016
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ ချစ်ကြည်ရေးနှင့် ပူးပေါင်းလုပ်ဆောင်မည်
1 / 2
Donate to DVB

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်ပြဿနာတွေကို ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းလုပ်ဆောင်ဖြေရှင်းကြရန် သဘောထားရှိကြောင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဇွန် ၃၀ ရက်မနက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ၀န်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Md. Shahidul Haque တို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာလို့ ၀န်ကြီးဌာနပြောခွင့်ရ ကောင်စစ်ရေးနဲ့ဥပဒေရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

“နှစ်နိုင်ငံကြားမှာ ဘာပြောပြော နယ်စပ်ပြဿနာလေးတွေ ဘာလေးတွေ ရှိနေတဲ့ နိုင်ငံဆိုတော့ အဓိက သူတို့ပြောတာက ချစ်ကြည်ရင်းနှီးမှုကို အခြေခံမယ်၊ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ ပြီးတော့ ရေရှည်မှာ နှစ်ဦးနှစ်ဘက်စလုံးက ဖြေရှင်းလိုတဲ့ဆန္ဒရှိတယ်။”

နှစ်နိုင်ငံနယ်စပ်က ဘင်္ဂါလီခိုးဝင်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးခြင်း မရှိဘူးလို့ လည်း သူက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာအပါအ၀င် တောင်အာရှနိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ဘင်းမ်စတက် အဖွဲ့ ရုံးစိုက်ရာ နိုင်ငံဖြစ်ပြီး မြန်မာရဲ့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013