DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် မီဒီယာကို တင်း​တင်း​ကျပ်ကျပ်ပိတ်ဆို့​ထား​ဆဲ
DVB
·
September 20, 2011
မြန်မာနိုင်ငံတွင် မီဒီယာကို တင်း​တင်း​ကျပ်ကျပ်ပိတ်ဆို့​ထား​ဆဲ
Donate to DVB

မြန်မာအစိုး​ရက ဒီမိုက​ရေစီ ​ပြောင်း​လဲ​ရေး​ လုပ်​နေတယ်လို့​ ​ပြော​ပေမယ့်​ မြန်မာနိုင်ငံဟာ စာနယ်ဇင်း​လွတ်လပ်ခွင့်​ ချိုး​ဖောက်မှုအဆိုး​ရွား​ဆုံး​နိုင်ငံစာရင်း​ထဲမှာ ရှိ​နေတုန်း​ပဲလို့​ စီပီ​ဂျေ(စာနယ်ဇင်း​သမား​ အကာအကွယ်​ပေး​ရေး​ကော်မတီ)က ဒီ​နေ့​ သတင်း​ထုတ်ပြန်ပါတယ်။

မြန်မာပြည်က စာနယ်ဇင်း​သမား​တွေရဲ့​ လှုပ်ရှား​မှု​တွေကို မြန်မာအာဏာပိုင်​တွေဟာ အရင်အတိုင်း​ ​စောင့်​ကြည့်​နေဆဲဖြစ်ပြီး​ တယ်လီဖုန်း​ ကြား​ဖြတ်နား​ထောင်မှု​တွေလည်း​ ရှိ​နေဆဲဖြစ်သလို သတင်း​တွေကိုလည်း​ ဆင်ဆာ ဖြတ်​တောက်​နေဆဲလို့​ ‘စီပီ​ဂျေ’အစီရင်ခံစာမှာ ​ထောက်ပြထား​ပါတယ်။

သမ္မတဦး​သိန်း​စိန် တက်လာပြီး​ မီဒီယာ​တွေရဲ့​ အခန်း​ကဏ္ဍကိုအ​လေး​ထား​ ​ကြောင်း​ လူသိရှင်ကြား​ ​ပြောဆိုထား​သလို ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ ပြည်တွင်း​ပြည်ပ မီဒီယာ​တွေ သတင်း​ရယူခွင့်​ရ​အောင် စီစဉ်​ပေး​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ လွတ်​တော်ကိုယ်စား​လှယ်​တွေကို​တော့​ စာနယ်ဇင်း​သမား​တွေနဲ့​ ထိ​တွေ့​ဆက်ဆံခွင့်​ကို ပိတ်ပင်ထား​ဆဲပါ။

စာနယ်ဇင်း​လွတ်လပ်ခွင့်​ကို အာမခံတဲ့​ ဥပ​ဒေ​တွေ ​ပေါ်ထွန်း​လာမှသာ အစိုး​ရက​ပြောတဲ့​ မြန်မာပြည်မှာ ဒီမိုက​ရေစီ ​ပြောင်း​လဲ​ရေး​ လုပ်​ဆောင်​နေ​ကြောင်း​ ​ပြောဆိုချက်ကို အများ​ပြည်သူက ယုံကြည်​စေမှာဖြစ်တယ်လို့​ ‘စီပီ​ဂျေ’က ​ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၀ ပြည့်​လွန်နှစ်​တွေကစလို့​ စာနယ်ဇင်း​လွတ်လပ်ခွင့်​ ဆုတ်ယုတ်လာခဲ့​တာ ဆယ်စုနှစ်​ပေါင်း​များ​စွာကြာပြီဖြစ်သလို နိုင်ငံပိုင်မီဒီယာ​တွေကို အစိုး​ရ​တွေက အစိုး​ရအာ​ဘော်​တွေကို ​ဖော်ပြရာ​နေရာ​တွေအဖြစ် အသုံး​ချခဲ့​ပါတယ်။

တပြိုင်နက်တည်း​မှာပဲ ဆင်ဆာဘုတ်အဖွဲ့​က​နေ ပုဂ္ဂလိကသတင်း​တွေကို စိစစ် ဖြတ်​တောက်ခဲ့​ပါတယ်။

ဒီလို စာနယ်ဇင်း​လွတ်လပ်ခွင့်​ပိတ်ပင်မှု​တွေကို ရုပ်သိမ်း​ဖို့​ လွှတ်​တော်မှာ တင်ပြ​ပေမယ့်​ အချိန်မတန်​သေး​တာ​ကြောင့်​ အပြည့်​အဝ လွတ်လပ်ခွင့်​ မ​ပေး​သေး​ဘူး​လို့​ ပြန်ကြား​ရေး​ဝန်ကြီး​က တုံ့​ပြန်ခဲ့​ပါတယ်။

ထိုင်း​အ​ခြေစိုက် မြန်မာ့​သတင်း​သမဂ္ဂ ​ပြောခွင့်​ရသူ ဦး​ဇင်လင်း​က မြန်မာအစိုး​ရ စာနယ်ဇင်း​တွေအ​ပေါ် အထိုက်အ​လျောက် လိုက်​လျော​နေတာဟာ အာဆီယံ အလှည့်​ကျဥက္ကဌဖြစ်​ရေး​ အပါအဝင် နိုင်ငံတကာ ဖိအား​ အရပ်ရပ်​ကြောင့်​သာ ဖြစ်တယ်လို့​ သုံး​သပ်​ပြောကြား​ပါတယ်။

“စာနယ်ဇင်း​လွတ်လပ်ခွင့်​၊​ သတင်း​စာလွတ်လပ်ခွင့်​ တကယ်​ပေး​မယ်ဆိုရင် စာ​ပေစိစစ်​ရေး​က ရှိမ​နေသင့်​တော့​ဘူး​၊​ နှစ်အချက်က စစ်အာဏာပိုင်​တွေ​ခေတ်က ပြည်သူပိုင်သိမ်း​ထား​တဲ့​ မြန်မာ့​အလင်း​၊​ ​ကြေး​မုံ သတင်း​စာ​တွေကို ပုဂ္ဂလိကလက်ကို ပြန်လွှဲ​ပေး​ရမယ်လို့​မြင်တယ်။ အစိုး​ရနဲ့​ ပြည်သူဆက်သွယ်ဖို့​ သူတို့​မှာ မီဒီယာတခု ​ရေဒီယို​သော်လည်း​ကောင်း​၊​ တီဗွီ​သော်လည်း​ကောင်း​ ထား​နိုင်ပါတယ်။ သတင်း​စာကို အစိုး​ရက​နေ ကြိုး​ကိုင်ပြီး​တော့​ အစိုး​ရရဲ့​ ဝါဒဖြန့်​ချိ​ရေး​ ယန္တရား​အဖြစ် သုံး​နေခြင်း​ဟာ သတင်း​စာလွတ်လပ်ခွင့်​ ဆိတ်သုဉ်း​တဲ့​ သ​ဘောကို ပြ​နေတာလို့​ မြင်တယ်။”

မြန်မာပြည်အစိုး​ရက စာနယ်ဇင်း​သမား​တွေကို ​ထောင်သွင်း​အကျဉ်း​ချ ထား​တာကို ချက်ချင်း​လွှတ်​ပေး​ဖို့​လည်း​ ဦး​ဇင်လင်း​က ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုး​ရက ဖမ်း​ဆီး​ထား​တဲ့​ စာနယ်ဇင်း​သမား​ ၂၅ ဦး​ရှိပြီး​ ၁၇ ဦး​ဟာ ပြည်ပအ​ခြေစိုက် ဒီမိုကရက်တစ်မြန်မာ့​အသံရဲ့​ သတင်း​ထောက်​တွေ ဖြစ်ပါတယ်။

ပြည်တွင်း​မှာ နိုင်ငံ​ရေး​အသား​ပေး​သတင်း​တွေကို ဦး​စား​ပေး​ရေး​သား​နေတဲ့​ ပြည်သူ့​ခေတ်ဂျာနယ်က ဆရာ​မောင်ဝံသက မြန်မာ့​မီဒီယာလွတ်လပ်ခွင့်​နဲ့​သူ့​အမြင်ကို ​ပြောပြပါတယ်။

“ပြည်တွင်း​မှာ စာနယ်ဇင်း​လွတ်လပ်ခွင့်​ အ​နေအထား​ကို ​ပြောမယ်ဆိုရင် ပြန်ကြား​ရေး​ဌာန​အောက်က စာ​ပေစိစစ်​ရေး​အဖွဲ့​ ရှိ​နေတယ်၊​ စာ​ပေစိစစ်​ရေး​အဖွဲ့​ ရှိ​နေတဲ့​အတွက် စာနယ်ဇင်း​လွတ်လပ်ခွင့်​က အပြည့်​အဝရပြီလို့​ ​ပြောလို့​မရဘူး​။ စာနယ်ဇင်း​တွေက ကိုယ်ပုံနှိပ်ထုတ်​ဝေမယ့်​ စာမူ​တွေကို စာ​ပေစိစစ်​ရေး​ကို တင်ရတယ် စာ​ပေစိစစ်​ရေး​က ခွင့်​ပြုချက်ရ​တော့​မှ ပုံနှိပ်ထုတ်​ဝေလို့​ရတယ်၊​ ဒီအဆင့်​ရှိ​နေတဲ့​အတွက် အပြည့်​အဝကြီး​တော့​ စာနယ်ဇင်း​လွတ်လပ်ခွင့်​ ရာနှုန်း​ပြည့်​ရတယ်လို့​ ​ပြောလို့​မရ​သေး​ဘူး​။ သို့​သော် အရင်ကထက်စာရင် အထိုက်အ​လျောက် အရင်က ​ရေး​လို့​သား​လို့​မရတာကို အခုရတယ်၊​ ​ဝေဖန်လို့​ မရတာကို အထိုက်အ​လျောက် ​ဝေဖန်လို့​ရတယ်၊​ အရင်ကနဲ့​နှိုင်း​ယှဉ်​သောအား​ဖြင့်​ တိုး​တက်မှုရှိတယ်လို့​ ​ပြောလို့​ရတယ်။”

အစိုး​ရဘက်က စာနယ်ဇင်း​ လွတ်လပ်ခွင့်​ အပြည့်​မ​ပေး​နိုင်​သေး​ဘူး​ဆိုတဲ့​ အယူအဆရှိသလို စာနယ်ဇင်း​သမား​တွေဘက်ကလည်း​ လွတ်လပ်လာရင် အရည်​သွေး​ကောင်း​နဲ့​ပြည့်​မီတဲ့​ စာနယ်ဇင်း​ကောင်း​တွေ ဖြစ်လာ​အောင် ပြင်ဆင်​နေတယ်လို့​ ဆရာ​မောင်ဝံသက ​ပြောပါတယ်။

စစ်အစိုး​ရလက်ထက်တုန်း​က ကြည့်​ရှုခွင့်​ ပိတ်ပင်ထား​ခဲ့​တဲ့​ ပြည်ပမီဒီယာ ဝက်ဘ်ဆိုက်​တွေကို လွန်ခဲ့​တဲ့​ရက်ပိုင်း​ကစပြီး​ ဖွင့်​လို့​ရလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013