DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်း အိန္ဒိယစိုက်ပျိုးရေးပညာရှင် သေဆုံး
DVB
·
June 30, 2016
နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်း အိန္ဒိယစိုက်ပျိုးရေးပညာရှင် သေဆုံး
Donate to DVB

မိုးဇလအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ဖို့ ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတဦး နေပြည်တော်ရှိ Royal Ace Hotel မှာ  သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော် နိုင်ငံတော် ဧည့်ဂေဟာဝင်းအတွင်းမှာရှိတဲ့ Royal Ace Hotel မှာ ဇွန်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က အိန္ဒိယနိုင်ငံသားတဦး သေဆုံးမှုဖြစ်ပေါ်ခဲ့တာပါ။

သေဆုံးသူဟာ စိုက်ပျိုးရေးပညာရှင် မစ္စတာ Nageswara Rao Vajaha ဖြစ်ပြီး မြန်မာနိုင်ငံကို မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ပညာရှင်အဖြစ် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ခေါ်တာကြောင့် ဇွန်လ ၂၇ ရက်နေ့က ရောက်ရှိနေတာဖြစ်ပါတယ်။

သေဆုံးသူဟာ ၂၈ ရက်နေ့က ပြုလုပ်ကျင်းပတဲ့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီး ၂၉ ရက်နေ့မှာ တက်ရောက်မှု မရှိတာကြောင့် ဆွေးနွေးပွဲအတူတက်ရောက်တဲ့ အင်္ဂလန် နိုင်ငံသား Mr Steven David နဲ့ ဧည့်ကြိုဝန်ထမ်းတွေ အခန်းထဲကို သွားရောက်ကြည့်ရာ အခန်းအတွင်း ကုတင်ပေါ်မှာ နှာခေါင်းသွေးယိုစီး သေဆုံးနေတာကြောင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့မနက်ခင်း ရင်ခွဲစစ်ဆေးချက်အဖြေအရ သူက နှလုံးရောဂါရှိတယ်။ ဖြစ်တဲ့ညနေကလည်း အိန္ဒိယသံရုံးကို သူ့မှာဘာရောဂါရှိလည်းလှမ်းမေးတော့ နှလုံးရောဂါရှိတယ်လို့ ပြောတယ်။ ရင်ခွဲစစ်ဆေးချက်အရလည်း နှလုံးသွေးကြောတွေ ပိတ်တာရယ်၊ ကျောက်ကပ်က လုံးလုံးကို ပျက်စီးနေပြီ။ အဲရောဂါနှစ်ခုနဲ့ သူကရုတ်တရက် သေဆုံးသွားတာ ဆိုပြီး ဆေးစာအဖြေရတယ်” လို့ ဒက္ခိဏသီရိမြို့နယ် စခန်းမှုး ရဲအုပ်ကျော်ခိုင်က ပြောပါတယ်။

ဆေးစာအဖြေအရ ရှင်းနေပေမယ့် သေမှုသေခင်းအမှတ် ၅/၂၀၁၆ နဲ့ ဓမ္မတာအတိုင်း သေဆုံးတာဟုတ် မဟုတ် ဆက်လက်စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013