A d v e r t i s e m e n t With Us

ဦးညီညီလွင်ကို ပုဒ်မ ၂ ခုဖြင့် သန်လျင်မြို့နယ်တရားရုံးက ထပ်မံတရားစွဲဆို

ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင် ကို အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တွေနဲ့ သန်လျင်မြို့နယ် တရားရုံးကဒီနေ့ ဇွန်လ ၃၀ ရက်နေ့က ထပ်မံတရားစွဲဆို လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းက သန်လျင်မြို့နယ်အတွင်းက ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်း တကျောင်းကို ဖွင့်ခဲ့တဲ့အတွက် အခုလိုတရားစွဲဆိုလိုက်တာလို့ သိရပါတယ်။ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင် ကို ဗဟန်းမြို့နယ်တရားရုံးကလည်း ပုဒ်မ ၄၂၇၊ ပုဒ်မ ၄၄၈ တွေနဲ့ ဇွန်လ ၂၈ ရက်နေ့က တရားစွဲဆိုထားပါတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ နဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် ပြစ်ဒဏ်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာပြည့်မှာဖြစ်ပြီး ဇွန်လ နောက်ဆုံးပတ်က အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင် က `စိတ်မကောင်းဘူးပေါ့ဗျာ။ လွတ်ခါနီးမှဆိုတော့။ ဒါပေမယ့် ကောင်းပါတယ်။ ခုလို တရားစွဲလိုက်တာလဲ အမှုကျန်တွေ ပြီးပြတ်သွားတာပေါ့´ လို့ ဒီဗွီဘီ ကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up