DVB Logo
Home
မြန်မာသတင်း
စစ်ဘေးဒုက္ခသည်များ ပြန်ပို့ရေး ကော်မတီဖွဲ့ရန် ထိုင်း-မြန်မာသဘောတူ
DVB
·
June 30, 2016
စစ်ဘေးဒုက္ခသည်များ ပြန်ပို့ရေး ကော်မတီဖွဲ့ရန် ထိုင်း-မြန်မာသဘောတူ
Donate to DVB

ထိုင်းဘက်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံက စစ်ရှောင် ဒုက္ခသည်တွေ ပြန်ပို့ဆောင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ သက်ဆိုင်ရာ အထောက် အထားတွေစိစစ်ရေးအတွက် ကော်မတီတရပ် ထူထောင်ဖို့ ထိုင်းနဲ့ မြန်မာတို့ သဘောတူပါတယ်။

ထိုင်းဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆုဝန်ရဲ့ မြန်မာခရီးစဉ်အတွင်း သဘောတူညီချက် ရရှိခဲ့တာလို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ခေါင်ချိတန်ထရာဝမ်နစ်ကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းမှာရေးပါတယ်။

ပရာဝစ်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို ဇွန် ၂၉ ရက်ကစတင်ပြီး ၂ ရက်ကြာ သွားရောက်နေတာလည်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ နယ်စပ်အရေး၊ စစ်ဘေးဒုက္ခသည်၊ တရားမ၀င် ၀င်ရောက်နေထိုင်သူများ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော် တရားမ၀င် ပို့ကုန်သွင်းကုန်ကိစ္စနဲ့ မူးယစ်ဆေးမှောင်ခိုမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းက ရေးပါတယ်။

လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့လည်း ပူးပေါင်ကော်မတီတခု ဖွဲ့စည်းဖို့ ၂ ဖက် သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်းမှာ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့သလို ထိုင်းခရီးစဉ်အတွင်း ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း နယ်စပ်ပိုင်းခြားသတ်မှတ်ရေး၊ စစ်ဘေး ဒုက္ခသည်အရေး၊ ထားဝယ်စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ပိုမိုကောင်းမွန်သည့် ရဲတပ်ဖွဲ့ဖြစ်ရေးနဲ့ ထိုင်းက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လှုမှုဘ၀ ဖူလုံရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို အနာဂတ်မှာ ပြန်လည်ပို့ဆောင်ရေး အတွက် အထောက်အထားတွေကို စိစစ်ဖို့ ကော်မတီတရပ် ထူထောင်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ထိုင်း-မြန်မာ ဆက်ဆံရေးဟာ တခြားတိုင်းပြည်တွေ ပူးပေါင်းဆောင်ရွက်ရေး အတွက် စံပြ ဖြစ်စေချင်တယ်လို့ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို သဘာဝ သံယံဇာတ ထိန်းသိမ်းရေးနဲ့ လူ့အရင်းအမြစ်ဖွံ့ဖြိုးရေး အရေးပါမှုကို သူတို့ သဘောတူညီခဲ့တယ်လို့ သတင်းက ရေးပါတယ်။

ဒါအပြင် မြန်မာ သမ္မတ ဦးထင်ကျော်နဲ့လည်း တွေ့ဆုံခဲ့သလို  မြန်မာဘက်က မြ၀တီနဲ့ ထိုင်း ဘက်က မယ်ဆိုင်မှာ တံတားတွေ ထပ်ဆောက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၁၉၈၀ ပြည့်နှစ်ကနေ စတင်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် ၁ သိန်း ၅ ထောင်ကျော် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် စခန်း ၉ ခုမှာ ရခိုလှုံနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013