DVB Logo
Home
မြန်မာသတင်း
ကား​သောင်တင်ခအခွန်​လျှော့​ပေး​ရန် မြန်မာကုန်သည်များ​ ​တောင်း​ဆို
DVB
·
September 20, 2011
ကား​သောင်တင်ခအခွန်​လျှော့​ပေး​ရန် မြန်မာကုန်သည်များ​ ​တောင်း​ဆို
Donate to DVB

မြန်မာဘက်က ကား​တင်သွင်း​ခွင့်​ ပိတ်ထား​လို့​ ထိုင်း​ မြန်မာနယ်စပ် မဲ​ဆောက်မြို့​မှာ ​သောင်တင်​နေတဲ့​ ကား​တွေအတွက် အခွန် ​လျှော့​ပေါ့​ပေး​ဖို့​ မြန်မာကုန်သည်​တွေက ထိုင်း​တာဝန်ရှိသူ​တွေထံ ​တောင်း​ဆိုခဲ့​ကြပါတယ်။

ကား​သောင်တင်ခအခွန်​လျှော့​ပေါ့​ပေး​ဖို့​ မြန်မာကား​ကုန်သည် ၄ဝ ​ကျော် မ​နေ့​က မဲ​ဆောက် အ​ကောက်ခွန်ရုံး​ကိုသွား​ရောက်ပြီး​ စာတင်ခဲ့​ကြတာပါ။

[caption id="attachment_15710" align="alignleft" width="310" caption="မဲ​ဆောက်မြို့တွင် ​သောင်တင်နေသည့် ကားများ"][/caption]

ကား​တင်သွင်း​နေတာကို အခုနှစ် မတ်လကစပြီး​ မြဝတီဂိတ်က ပိတ်ပင်ထား​တဲ့​ အတွက် ဂျပန်နိုင်ငံထုတ် ကား​ဟောင်း​ အစီး​ ၄၀၀၀ ​ကျော် မဲ​ဆောက်မှာ ​သောင်တင်နေတာပါ။

ဒီကား​တွေဟာ မဲ​ဆောက်မှာ ၃ လ ရပ်နား​ခွင့်​ ရပြီး​ ကား​တစီး​ကို တလ ဘတ် ၁၂၀၀ အ​ကောက်ခွန် ​ပေး​ဆောင်ရပါတယ်။

အဲဒီကား​တွေထဲက အစီး​ ၆၀၀ ​ကျော်ဟာ ထိုင်း​ဘက်မှာ ​သောင်တင် ရပ်နား​ခွင့်​ သက်တမ်း​သုံး​လ ကုန်ဆုံး​မှာဖြစ်ပြီး​ ကား​တစီး​ကို အခွန်အနေနဲ့ ၁၂ ဆ အာမခံ​ကြေး​ ထပ်မံ ​ပေး​ဆောင်ရမှာဖြစ်တဲ့​အတွက် အခုလို စာတင်တာလို့​ ကား​ကုန်သည်တဦး​က ​ပြောပါတယ်။

"ဥပမာအား​ဖြင့်​ ကား​တစီး​ဟာ ဘတ် ၁ သိန်း​ တန်ရင် တလ အခွန် ၁၂၀၀ နဲ့ဆို ဘတ် ၁၂၀၀၀ အာမခံ​ကြေး​ ထိုင်း​အစိုး​ရကို တင်ရမယ့်​ ဥပ​ဒေ ထုတ်ထား​တာရှိတယ်။ အဲဒီဥပ​ဒေက ဒီ​ရှေ့​လဆို အကျုံး​ဝင်ပြီ။ ကား​တွေအကုန်လုံး​ ဟိုဘက်ကမ်း​ကိုသွား​လို့​ မရဘူး​။ နယ်စပ်ဂိတ်​တွေ ပိတ်ထား​တယ်။ မြန်မာကုန်သည်​တွေဟာ ​ထောင်ချီတဲ့​ ကား​တွေအတွက် အာမခံ​ကြေး​ ဘတ်သန်း​ပေါင်း​များ​စွာ လိုအပ်​နေတာ​ကြောင့်​ ထိုင်း​အာဏာပိုင်​တွေထံမှာ အသနား​ခံတင်ပြ​နေတာကြတာ ဖြစ်ပါတယ်။”

ကား​တင်သွင်း​ခွင့်​ ဆက်လက် ပိတ်ထား​ပါက ​သောင်တင်​ကြေး​ ထပ်သွင်း​ကြရဦး​မှာ ဖြစ်တာ​ကြောင့်​ မြန်မာဘက်က ပြန်ဖွင့်​ပေး​စေချင်တယ်လို့​ ဆိုပါတယ်။

မဲ​ဆောက် အ​ကောက်ခွန်မှူး​ နိုင်ဖုန်​ထေ့​ ဘွား​ဆပ်က​တော့​ မြန်မာကုန်သည်​တွေရဲ့​ ​တောင်း​ဆိုချက်အ​ပေါ်ထိုင်း​နိုင်ငံ အ​ကောက်ခွန်ဌာနချုပ်ကို တင်ပြ​ပေး​သွား​မယ့်​အ​ကြောင်း​ ပြန်လည်​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

ထိုင်း​အ​ကောက်ခွန်ဌာနက အချိန်မီ​ဆောင်ရွက်မ​ပေး​ရင် ထိုင်း​တရား​ရုံး​ချုပ်ကို အမှုတင် တိုင်ကြား​မယ်လို့​ ကား​ကုန်သည်က ​ပြောပါတယ်။

အာမခံ မ​ပေး​ဆောင်တဲ့​ ကား​တွေအား​လုံး​ကို ထိုင်း​အစိုး​ရက သိမ်း​မယ်ဆိုတဲ့​သတင်း​တွေလည်း​ ထွက်​နေတဲ့​အတွက် မြန်မာကား​ကုန်သည်တချို့​ကား​တွေကို ရရာ​ဈေး​နဲ့​ ​ရောင်း​ထုတ်​နေကြတယ်လို့​ ဆိုပါတယ်။

မြန်မာကုန်သည်​တွေဟာ ကား​တင်သွင်း​ခွင့်​ မရဖြစ်​နေချိန်မှာ စက်တင်ဘာလ လယ်ပိုင်း​က မိုး​သည်း​လို့​ ကား​ထောင်ချီ ​ရေနစ်မြုပ် ပျက်စီး​မှု​တွေကိုလည်း​ ရင်ဆိုင်ခဲ့​ကြရပါတယ်။

မြန်မာနိုင်ငံမှာ အစိုး​ရက ယာဉ်အိုယာဉ်​ဟောင်း​များ​ အစား​ထိုး​လဲလှယ်​ရေး
အစီအစဉ်တရပ်ကို ​ဆောင်ရွက်မယ်လို့​ စီး​ပွား​ရေး​နှင့်​ ကူး​သန်း​ရောင်း​ဝယ်​ရေး
ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​ဝင်း​မြင့်​က စက်တင်ဘာ ၁၈ ရက်​နေ့​က ​ပြောဆိုခဲ့​ပါတယ်။

အဲဒီအစီအစဉ်မှာ ကား​ဟောင်း​တွေ အပ်နှံ​ရေး​၊​ ပြည်ပမှ ကား​တင်သွင်း​ခွင့်​ ခွင့်​ပြုချက် ထုတ်ယူ​ရေး​ကိစ္စ​တွေလည်း​ ပါဝင်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013